Part - 34

8.5K 1K 28
                                    

[Unicode]" Bejingမြို့ရဲ့ဒုရဲမှုးချုပ်ဖြစ်သော Mr.Bas ဟာ. . . မှောင်ခိုဂိုဏ်းတစ်ခုနှင့်အတူ ဒုစရိုက်များကို ပူးပေါင်းလုပ်ဆောင်ခဲ့သည့်အပြင် မှုခင်းခေါင်းဆောင်ကိုပါသတ်ဖို့ကြံရွယ်ခဲ့ခြင်း. . . အပြစ်တွေကိုဖုံးဖိရန်အတွက် နည်းမျိုးစုံအသုံးချခဲ့ခြင်းတို့ကြောင့်. . #*$=$*=$*#=*##*#*#-. . . . . . . . . "

Mr.Basမှာတော့ သူ့ရဲ့ပြစ်မှုတွေအတွက် တရားရုံးမှာ စီရင်ချက်ချမှတ်ခြင်းကိုခံနေခဲ့ရသည်။ ဘေးဘင်မှာရှိတဲ့လူတွေကို မော်ပင်မကြည့်ပဲ . . . Yiboကိုမကျေနပ်ချက်တွေပြည့်နှက်နေပြီး ခေါင်းကိုငေါက်စိုက်ချကာ သူ့လက်ကိုချုပ်နှောင်ထားတဲ့လက်ထိပ်ကိုပဲငုံ့ကြည့်နေခဲ့သည်။

*Wan Yibo. . . ဒီလောက်လုပ်နိုင်ရုံနဲ့ . . မင်းတို့ကိုမင်းတို့ ဟုတ်လှပြီထင်မနေနဲ့. . . . ငါ့ကိုလာချိုးနှိမ်တဲ့အတွက် မင်းတို့ကောင်းကောင်းကြီးဒုက္ခရောက်ဦးမှာပါ. . . . *

သူ့ကိုပြစ်မှုစီရင်ချက်ချနေတဲ့တစ်လျှောက်လုံး. . . အမှုမှန်ပေါ်စေခဲ့တဲ့ Yiboကို ကြုံးဝါးနေခဲ့လေသည်။

"Mr.Bas ရှင်နဲ့ထိုက်တန်တဲ့နေရာကို သွားရအောင်"

တစ်ချိန်လုံးဒေါသတွေ မကျေနပ်ချက်တွေဖုံးလွှမ်းနေခဲ့၍ တရားစီရင်မှုပြီးသွားသည်ကိုတောင်မသိလိုက်ပေ။ သူ့ကိုထောင်ထဲသွားဖို့ရန်အတွက် အသိပေးလာတဲ့ မိန်းကလေးတစ်ယောက်ရဲ့အသံကြားမှ သူခေါင်းကိုမော့ကြည့်လိုက်မိသည်။

သူ့ဆီ Yiboလာစစ်ဆေးတိုင်းအမြဲတမ်းကောက်ကောက်ပါလာတဲ့ ချင်းယီဆိုတဲ့မိန်းကလေးပင်ဖြစ်နေသည်။ သူမကတော့ အပြစ်လုပ်ထားသူ အပြစ်ခံရမည့်အတွက် ကျေနပ်သောအကြည့်နှင့်ကြည့်နေသည်။ ထိုအကြည့်ကို Mr.Basနှစ်သက်သည့်ဟန်မပေါ်ပေ။

*ငါ့ကိုထောင်ထဲထည့်ပြီး မင်းတို့အေးအေးဆေးဆေးနေနိုင်မယ်ထင်လို့လား. . . . *

စိတ်ထဲမှာ အကုန်လုံးကိုသတ်ပစ်ချင်စိတ် တဖွားဖွားပေါ်နေပေမယ့် မြိုသိပ်လိုက်ပြီး ထိုင်နေရာကနေ သူထလိုက်သည်။ ထိုစဉ်မှာပဲ ဘေးက ရဲတစ်ချို့က သူ့ကို ထောင်ထဲဆီသို့ ဆွဲခေါ်ဆောင်သွားကြတော့သည်။

Soulmate (Completed Story)Where stories live. Discover now