Part 3

16.9K 1.6K 55
                                    

[Unicode]2019. . . . ပေကျင်းမြို့. . . .

. . . . . ဟေး. . . . ဟေး. . . . မလုပ်ရဘူးလေ. , . မလုပ်ရဘူး. . .

ငှါနတစ်ခုလို့ထင်ရတဲ့ နေရာရှိ ဥက္ကဌနေရာမှာထိုင်နေသောအသက်၅၀နီး ဝန်းကျင်လူတစ်ယောက်။ တစ်စုံတစ်ယောက်ရဲ့အကြပ်ကိုင်ခြင်းကိုခံနေရသည့်ပုံနှင့် ထိုလူကြီးမှာ ဇောချွေးများပျံလို့နေသည်။

ရုံးခန်းတစ်ခုလုံးကလည်း ညအမှောင်ကြောင့် မည်းမှောင်တိတ်ဆိတ်နေသည်။

"တံဆိပ်နှိပ်မှာလား. . . . မနှိပ်ဘူးလား. . . . "

သူ့ဘေးနားမှာ အရပ်အမောင်းကောင်းကောင်းနဲ့ကြောက်စရာကောင်းသောလူတစ်ယောက် အသံတိတ်သေနတ်ကိုကိုင်ဆောင်ထားပြီး မျက်နှာဖုံးအနက်ဝတ်ဆင်ထားတာမို့ ဘယ်သူဘယ်ဝါလဲသည်းကွဲစွာမမြင်ရပေ။ သူခိုင်းတာမလုပ်ရင် သတ်ပစ်တော့မည့်လေသံနှင့် လူကြီးရဲ့နားထင်ကိုသေနတ်နှင့်ချိန်ထားသည်။

"နှိပ်ပါ့မယ်. . . နှိပ်ပါ့မယ်. . . . "

ဒီလောက်ကြောက်ဖို့ကောင်းအောင်အခြိမ်းခြောက်ခံနေရတော့ ထိုဥက္ကဌကြီးမှာလည်း မနေသာတော့ပဲ သူခိုင်းသည့်တံဆိပ်ကိုနှိပ်ပေးလိုက်တော့သည်။

"လွှဲပြောင်းပေးပါတယ် ဒီလုပ်ငန်းကို Satanဂိုဏ်းကိုလွှဲပေးပါတယ်. . . . အသက်ကိုချမ်းသာပေးပါ. . . . "

တံဆိပ်နှိပ်ပြီးသားစာချုပ်ကို ကြည့်ပြီးကျေနပ်သွားသည့်ပုံနှင့် ထိုဥက္ကဌကြီးနားထင်နားက သူ့သေနတ်ကိုရုတ်သိမ်းလိုက်သည်။ ထို့နောက် စားပွဲပေါ်ကို စြင်္ကာပုံစံအနက်ရောင်ပြားလေးကို တင်ပေးလာသည်။

" တာဝန်ကျေပါတယ် . . . " လို့ တည်ငြိမ်တဲ့လေသံနှင့်ပြောလာကာ စာချုပ်ကို ခေါက်ကာ သူ့အကျီၤထဲထိုးထည့်လိုက်သည်။ ထို့နောက် ရုံးခန်းပေါက်ဆီသို့ လျှောက်လှမ်းသွား၏။

ဥက္ကဌကြီးမှာ ခြိမ်းခြောက်မှုကနေလွတ်မြောက်ပြီအထင်နဲ့ အပူငြိမ်းသွားကာ သက်ပြင်းကြီးကြီးချနေခဲ့သည်။

. . . . . . . . . . . . . ဝှစ်. . . . . . . အု. . . . . . . . . . . . . .

ဒါပေမယ့် မျှော်လင့်မထားတဲ့ကံဆိုးမှုတစ်ခုကျရောက်လာခဲ့သည်။ နောက်ကိုတောင်တစ်ချက်လှည့်မကြည့်ပဲ မျက်နှာဖုံးနှင့်လူလှမ်းပစ်လိုက်သည့်ကျည်ဆံဟာ ချက်ချင်းပဲ ထိုဥက္ကဌကြီးရဲ့နဖူးတည့်တည့်ကိုထိမှန်ကာ ထိုထိုင်ခုံမှာပဲ သေဆုံးသွားတော့သည်။

Soulmate (Completed Story)Where stories live. Discover now