Part - 47

7.3K 873 53
                                    

[Unicode]"ရှောင်ကျန့် လာကူပေးဦးဟ . . . "

သူအတွေးလွန်နေစဉ် ဝမ်လင်းမင်တစ်ယောက် မီးပုံးကူချိတ်ဖို့လှမ်းခေါ်လိုက်သည်မို့ ရှောင်ကျန့်အတွေးဖျောက်ပြီး အပြေးသွားလိုက်၏။

"လာပြီ ဦးလေး "

"ဟုတ်ပြီ ဒီဟာကိုင်ထား "

ဝမ်လင်းမင်ကတော့ ဝါး‌လှေကားတစ်ခုနဲ့ အိမ်ရှေ့ကိုမီးပုံးတွေတက်ချိတ်သည်။ ရှောင်ကျန့်ကတော့ ဘေးကနေကိုင်ပေးနေရင်း -

"ဦးလေး . . . . "

ထိုစဉ် အရမ်းရင်းနှီးတဲ့မိန်းကလေးတစ်ယောက်ရဲ့အသံကြောင့် ရှောင်ကျန့်အဆင်မ‌ပြေဖြစ်နေတဲ့ သူ့မျက်နှာကိုအတတ်နိုင်ဆုံးပြင်လိုက်ပြီး ထိုဘက်ကိုလှည့်ကြည့်လိုက်မိသည်။ ဝမ်လင်းမင်ကလည်းထိုတစ်ယောက်ကိုမြင်တော့ ခပ်ပြုံးပြုံးနှင့်။

ထို့နောက် ချင်းယီက သူယူလာတဲ့အထုပ်တွေကိုချပြီး ဝမ်လင်းမင်ကို နှုတ်ခွန်းဆက်လာ၏။ Yiboကတော့ မျက်နှာသေလေးနဲ့ ‌ဗြောက်ပန်းတွေကိုင်ရင်း ရှောင်ကျန့်ကိုငေးကြည့်နေရဲ့။

"ကဲ ဦးလေး ဒီနေ့ကတော့ ချင်းယီတာဝန်ထား . . . အားလုံးလုပ်ပေးမယ်  လိုအပ်တာတစ်ချို့လည်းဝယ်လာတယ် . . . ငါးသံပုရာပေါင်း. .   ဖက်ထုပ် . .ကော်ပြန့်လိပ်. .  တို့ဟူး . . . ရာမန် .  . အဲ့ဒါတွေတော့ လုပ်ရမယ်ထင်တယ်  "

"အဟားဟား ချင်းယီမိန်းကလေးလက်ရာကိုစားရတော့မယ်ပေါ့လေ . . .ကဲရှောင်ကျန့်ရေ ကူပြင်လိုက်ရအောင် လာ "

ရွှင်ပြနှုတ်ဆက်နေကြတဲ့ဝမ်လင်းမင်နဲ့ချင်းယီဘေးမှာရှိတဲ့ ရှောင်ကျန့်နဲ့Yiboကတော့ လေ‌စိမ်းတွေတိုက်ခတ်နေလျှက် . . .

*ဘာတွေတွေးနေလဲငါသိတယ်နော် ငါခေါ်ချင်လို့ခေါ်လာတာမဟုတ်ဘူး မင်းရဲ့အဲ့ဒီဟန်ဆောင်အပြုံးကြီးကိုဖယ်စမ်း . . .ရှောင်ကျန့် . . . . ကြည့်ရဆိုးတယ်  *

*အရင်ကမင်းပြောခဲ့တဲ့မကြားခဲ့သလို ငါနေလိုက်ပါတော့မယ် မင်းအဆင်ပြေနေပြီ . . . သူမကမင်းနဲ့အဆင်ပြေနိုင်တယ် . . . ကိုယ့်သူငယ်ချင်းတစ်ယောက် သဘောရိုးပြီးချစ်စရာကောင်းတဲ့မိန်းကလေးနဲ့အတူရှိတာ ငါဂုဏ်ယူသင့်တာပေါ့  *

Soulmate (Completed Story)Where stories live. Discover now