6

7.2K 1.1K 38
                                    

Unicode

နတ်ဆိုးအရှင်ခုနစ်ပါးက နတ်ဆိုးနယ်မြေတစ်ခုလုံးကို ထိန်းချုပ်ထားပြီး နတ်ဆိုးမျိုးနွယ်အားလုံးက လေးစားရိုသေရတဲ့ ပုဂ္ဂိုလ်တွေဖြစ်သော်လည်း သူတို့ခုနစ်ယောက်က သိပ်မတည့်ကြသလို အချိန်တိုင်းနီးပါး ငြင်းခုန်ရန်ဖြစ်နေတတ်ကြသည်။

ခြူးမုယွင်က သူတို့ခုနစ်ဦးကြားက ဆက်ဆံရေးကို အထူးတလည် ဂရုစိုက်ပြီး ဖန်တီးထားခဲ့ခြင်းကြောင့်ဖြစ်၏။

သူတို့ခုနစ်ယောက်က အခုတည့်နေရင်တောင် အချိန်အနည်းငယ်ကြာတာနဲ့ ထပြီးရန်ဖြစ်ကြပြန်ရော။ တည့်နေတဲ့အချိန်ဆို သူငယ်ချင်းရင်းချာတွေလိုပဲ၊ ရန်ဖြစ်တဲ့အချိန်ကျပြန်တော့ သူတို့အမေတွေမှာ မမှတ်မိလောက်အောင် အချင်းချင်း ရိုက်နှက်တတ်ကြသည်။

ဤကဲ့သို့ သံသရာလည်နေတတ်တာကြောင့် ယခုတစ်ခေါက် မော့ကျိုးရှောင်နှင့် သင့်မြတ်နေသည့်လူကို သူတို့၏ဖခင်ဖြစ်သည့် ခြူးမုယွင်ကိုယ်တိုင်ပင် ခန့်မှန်းလို့မရနိုင်ချေ။

သို့သော်ငြား အခုရောက်လာသည့်တစ်ယောက်က 'အမျက်ဒေါသ' ကို ကိုယ်စားပြုသည့် နတ်ဆိုးအရှင် မဟုတ်သည်မှာ အလွန်သေချာသည်။ ထိုအမျိုးသားက ခွေးရူးတစ်ကောင်သာ။ သူ့ရဲ့ဘဝမှာ ချစ်ခြင်းမေတ္တာတရားဆိုတာမျိုး လုံးဝမရှိခဲ့သလို လူတွေကို သတ်ဖြတ်ရတဲ့ ခံစားချက်ကသာ သူ့ဘဝရဲ့ပျော်ရွှင်မှုဖြစ်သည်။ ထို့ကြောင့် လူသားတွေကို တိုက်ခိုက်နိုင်ဖို့ရာ ထိုအမျိုးသားက အမြဲတမ်းလိုလို တိုက်ပွဲတွေဖန်တီးတတ်ပြီး မည်သူနှင့်မျှ အပေါင်းအသင်း မလုပ်တတ်ပါချေ။

အဲ့လိုဆိုတော့ ဘယ်သူဖြစ်နိုင်သလဲ..?

ခြူးမုယွင်လည်း "အစားပုပ်သည့် လျှာကဝေ" နှင့် "တပ်မက်ခြင်း တဏှာရာဂ" ထိုနှစ်ယောက်နှင့် မဆုံတွေ့စေရန်သာ ဆုတောင်းလိုက်တော့သည်။ တစ်ယောက်က သားရဲမကောင်းဆိုးဝါး၊ နောက်တစ်ယောက်ကတော့ သောက်ကျိုးနည်း လူယုတ်မာကောင်။ သူတို့တွေကို မတော်တဆ ဝင်တိုက်ခဲ့မိလျှင်ပင် ထိုဝင်တိုက်မိခြင်းက ခြူးမုယွင်အတွက် တစ်ခါတည်းသေသွားရသည့် အကြောင်းအရင်း ဖြစ်သွားနိုင်သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now