42

4.9K 975 53
                                    

Unicode

ဒီလိုခံစားလွယ်တဲ့ Zero လေးက ‘လူယုတ်မာခုနစ်ကောင်ကို အမိဖမ်းရမယ်’ ဆိုတဲ့ တာဝန်မျိုးကို ဘယ်လိုလုပ်ရလာခဲ့ပါလိမ့်..?

တကယ်လို့ သူသာ Host မဖြစ်လာခဲ့ရင် ဒီငတုံးလေး တာဝန်ပြီးမြောက်နိုင်ပါ့မလား..?

ခြူးမုယွင်က သက်ပြင်းချလိုက်သည်။

သူ့ရဲ့စိတ်နဲ့ခံစားချက်က အခုလိုမျိုး ထပ်တူကျဖို့ဆိုတာ တကယ့်ကို မလွယ်ကူတာပဲ။ သူ့ကိုယ်ပိုင် System လေးရဲ့ သူ့အပေါ်ထားတဲ့ ‘မျှော်လင့်ချက်တွေ’ဆိုတာ သားရဲလေးကို ‘အပျက်ကောင်လုံးလုံး’ ဖြစ်စေတာနဲ့ သိပ်မကွာခြားဘူး။

ဒီအကြောင်းတွေကို Zero လေးသိအောင် ပြောလို့မရပေမယ့်လည်း အဆင်ပြေပါတယ်။

ဘာပဲပြောပြော မာနအရှင်ရဲ့ အစီအစဉ်တွေကို ရှင်းရှင်းလင်းလင်း သိလိုက်ရပြီလေ။

အဲ့မျိုးမစစ်ကောင်က တစ်ကိုယ်ကောင်းဆန်တဲ့အချိန်ဆိုရင် လူမဆန်တော့ဘူးဆိုတာ ငြင်းဆန်လို့မရတဲ့ အမှန်တရားပဲ။

ဝိဉာဉ်ပြန်ခေါ်ဆေးလုံးက ခြူးမုယွင်အား လူ့လောကကြီးသို့ ပြန်လည်ဆောင်ကြဉ်းနိုင်၏။ သို့သော် ခြူးမုယွင်၏ ခန္ဓာကိုယ်ကတော့ အသုံးမဝင်နိုင်တော့ပေ။ အတိတ်မှ အမှားအယွင်းတစ်ခုက ခြူးမုယွင်အား ကျင့်ကြံ၍မရနိုင်အောင် ဖြစ်သွားစေခဲ့သည်။ ထို့ကြောင့် လွန်ခဲ့သော သုံးနှစ်လုံးလုံး သူ၏ခန္ဓာကိုယ်ကို မပျက်ဆီးအောင် ထိန်းသိမ်းထားခဲ့ပါသော်လည်း တက်လမ်းမဲ့သော အခြေအနေတစ်ရပ် ကျန်ရှိနေသေးသည်။

စိတ်မပါမှုများဖြင့် အသက်ပြန်ရှင်လာခဲ့လျှင် ယင်းခန္ဓာကိုယ်သည် ကျိန်းသေပေါက် အားနည်းမည်မှာ မလွဲဧကန်ပင်။ ကျင့်ကြံ၍မရနိုင်ရုံသာမက အချိန်နှင့်အမျှ အသက်အန္တရာယ် ရှိလာနိုင်သည်။ နောက်တစ်ကြိမ် ထပ်မံသေဆုံးခြင်းဖြင့် အဆုံးသတ်သွားနိုင်သည်မှာ ပြောရန်ပင်မလိုပါ။

‘ခြူးမုယွင်’က အသက်ရှင်လိုစိတ် မရှိတော့သည်ကို မော့ကျိုးရှောင် ကောင်းကောင်း သိသည်။ သူ့ကို အတင်းအကျပ် အသက်ပြန်သွင်းခဲ့လျှင် မလိုလားအပ်သော ဖြစ်ရပ်ဆိုးများလည်း ဖြစ်လာနိုင်သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now