20

6.5K 1K 98
                                    

Unicode

ခြူးမုယွင်၏စကားကြောင့် မာနအရှင်သခင်မှာ မသိမသာ တုန်လှုပ်သွားရသည်။

လွန်ခဲ့သည့်ဆယ်နှစ်ကျော်ခန့် ခြူးမိသားစု ဖျက်ဆီးခံရသည့်အချိန် မော့ကျိုးရှောင်က မီးပင်လယ်ကြားမှ ထိတ်လန့်နေသည့် ကလေးငယ်လေးကို တွေ့ရှိခဲ့သည်။ ထိုကလေးငယ်ကို ဖီးနစ်တစ်ထောင်တောင်ထိပ်သို့ ခေါ်ဆောင်လာခဲ့ပြီး ဆယ်နှစ်ကျော်ကြာ ဂရုတစိုက် ကျွေးမွေးစောင့်ရှောက်ခဲ့တာ ဘာအတွက်လဲ..?

မော့ကျိုးရှောင်နှင့် ရင်းနှီးသည့်လူတိုင်း သိကြသည်။ မော့ကျိုးရှောင်က ပြုစုပျိုးထောင်ရသည်ကို ကြိုက်နှစ်သက်သည်။ လှပသည့်အရာလေးများအား ကိုယ်တိုင်ကိုယ်ကျ ဖန်တီးပုံဖော်ရသည်ကို ကြိုက်နှစ်သက်သည်။ အပင်စိုက်ပျိုးရသည်ကို ကြိုက်နှစ်သက်သူများနှင့် ဆင်တူသော်လည်း မော့ကျိုးရှောင်ကမူ လူသားများကို ပျိုးထောင်ရခြင်းအား ကြိုက်နှစ်သက်ခြင်းဖြစ်သည်။

ခံစားချက်မရှိသည့် အပင်များနှင့်ယှဉ်လျှင် စိတ်ပြောင်းလဲလွယ်သည့် လူသားများက ပိုမိုစိတ်ဝင်စားဖွယ်ကောင်းသည်။ ပြီးပြည့်စုံသည့် အသက်အရွယ်အထိ ပြုစုပျိုးထောင်ပြီးနောက် ထိုအရာလေးများကို အပြီးသတ်ချေမွဖျက်ဆီးပစ်ရသည့် သည်းထိတ်ရင်ဖိုခံစားချက်ကို လိုလားတောင့်တနေခြင်းဖြစ်၏။

ပြီးပြည့်စုံလေ ဖျက်ဆီးပစ်လိုက်သည့်အချိန် စိတ်ခံစားချက်က ပိုပြီးလှပလေ၊ ဖြူစင်သန့်ရှင်းလွန်းလေ ညစ်ညမ်းသွားသည့်အချိန် ပိုပြီးအံ့ဩဖွယ်ကောင်းလေပင်။

သံသယရှိဖို့မလိုအောင်ပင် သူ့ရင်ခွင်ထဲမှ လူငယ်လေးမှာ သူ့အား အကောင်းဆုံးပျော်ရွှင်မှုမျိုး ပေးစွမ်းနိုင်သည့် ချို​မြိန်မှည့်ဝင်းနေပြီဖြစ်သည့် သစ်သီးလေးဖြစ်သည်။ သို့သော်လည်း ထိုလူငယ်လေးကို စောစောစီးစီး မဖျက်ဆီးပစ်ချင်သေးပါ။

မာနအရှင်သခင်က ခေါင်းငုံကြည့်လိုက်ပြီး လူငယ်လေး၏နဖူးထက်သို့ နွေးထွေးသည့်အနမ်းတစ်ခု ပေးလိုက်သည်။ သူ့ရဲ့အသံက ချိုမြိန်လွန်းသလို ညှို့ဓာတ်ပြင်းလှ၏။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now