58

5.4K 923 58
                                    

Unicode

နတ်ဆိုးတိုင်းပြည်၏ အရှင်ခုနစ်ပါးအနက် တစ်ပါးအပါအဝင်ဖြစ်သူ၊ ‘အလိုလောဘ’ကို ကိုယ်စားပြုသော ဘေးအန္တရာယ်ဆိုး ရှန်ရွှိန်ယန်း။

သူသည် ဆံနွယ်ရှည်များကို နားရွက်နောက် သပ်တင်ထား၏။ အလွန်ရှုပ်ထွေးစွာ ဝတ်စားတတ်သော်လည်း တင့်တယ်လှသည်။ ရင်သပ်ရှုမောဖွယ် အသွင်အပြင်ကြောင့် အတန်ငယ် ကလေးဆန်သလို ထင်မှတ်ရပါသော်လည်း သူ့ရဲ့လိုအင်ဆန္ဒသည် အလွန်တရာ ကြီးမားလှပါ၏။ ရူးသွပ်နေသလား ထင်မှတ်ရလောက်အောင် သူလိုချင်တာမှန်သမျှ မည်သည့်တန်ဖိုးပဲ ပေးဆပ်ရပါစေ၊ အရယူတတ်သည်။

သူသည်လည်း လူသားများကို နှစ်မျိုးပိုင်းခြားထားသည်။ တစ်မျိုးကား သူ့နှင့်ထိုက်တန်သော၊ ကျန်တစ်မျိုးမှာ အမှိုက်များသာ။ သူအလိုရှိရာမှန်သမျှ သူသာ ပိုင်ဆိုင်ရမည်။ ကျန်ရစ်သော အမှိုက်များသည် သူ့ရဲ့မျက်စိအောက်မှ အပြီးတိုင် ပျောက်ကွယ်သွားရမည်။

နတ်ဆိုးတိုင်းပြည်၏ နတ်ဆိုးခုနစ်ပါးအနက် ခြူးမုယွင် အနှစ်သက်ဆုံးသူမှာ ရှန်ရွှိန်ယန်းသာ ဖြစ်ချေလိမ့်မည်။ တခြားကြောင့်မဟုတ်၊ သူ့ရဲ့မျက်နှာလေးတစ်ခုတည်းကြောင့်သာ။

Gong တစ်ယောက်အနေဖြင့် ရန်ကျွင်းချန်ကို သူ့ရဲ့အနှစ်သက်ဆုံး Bottom လို့ သတ်မှတ်မည်ဆိုလျှင် ရှန်ရွှိန်ယန်းသည် ခြူးမုယွင် အနှစ်သက်ဆုံးသော မျက်နှာသွင်ပြင် ဖြစ်လိမ့်မည်။

ရှန်ရွှိန်ယန်းကား မော့ကျိုးရှောင်လို သိမ်မွေ့နူးညံ့စွာ လှပခြင်းမဟုတ်၊ ကျွင်းမော့ကဲ့သို့ ထူးထူးကဲကဲ လှပခြင်းလည်းမဟုတ်ပေ။ ‘တဏှာ’အရှင်သခင်လောက် ဆွဲယူညှို့ငင်နိုင်စွမ်း မရှိပါသော်လည်း သူ့ရဲ့မျက်နှာသည် နုနယ်ချောမွေ့ကာ အစိတ်အပိုင်းတစ်ခုချင်းစီက အနုစိတ်ထွင်းထုထားသလို လှပလွန်းပေ၏။ သို့သော် မိန်းမဆန်သော အလှတရားဟုလည်း မှတ်ယူ၍မရနိုင်ပေ။

သူ၏စိတ်ခံစားချက်သည် ရာသီဥတုကဲ့သို့ ပြောင်းလဲနေတတ်သည်။

တစ်စုံတစ်ယောက်ကို ယုံကြည်မိလျှင် ထိုလူအား သူ၏ကိုးကွယ်ရာသဖွယ် မြှောက်စားတတ်ပါ၏။ သူတတ်နိုင်သရွေ့ အရာအားလုံး လုပ်ပေးလိမ့်မည်။ ၎င်းကား ခံစားချက်များနှင့် ဆော့ကစားတတ်သော ‘မာန’နှင့် ‘မနာလိုခြင်း’ ကဲ့သို့မဟုတ်။ သူ၏ခံစားချက် အစစ်အမှန်ပင်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now