46

4.8K 962 46
                                    

Unicode

ရန်ချန်းက လင်းရွှမ်အား လှည့်ကြည့်ကာ..

“မင်းလိမ်နေတာ..”

လင်းရွှမ်က ပြုံးသည်။

“မင်းကို ဘာကိစ္စလိမ်ရမှာလဲ..?”

သူ့ရဲ့မေးခွန်းက ရန်ချန်း၏အမြင်အား ဖုံးကွယ်နေပါသော နောက်ဆုံးအလွှာကို ဖယ်ရှားပစ်လိုက်သကဲ့သို့ မျက်ကွယ်ပြုခဲ့သမျှ အမှန်တရားအားလုံးကို ရှင်းရှင်းလင်းလင်း မြင်စေခဲ့သည်။

လင်းရွှမ်တွင် သူ့ကိုလိမ်ပြောစရာ ဘာအကြောင်းမှမရှိ။ သူနှင့်မတူ၊ တခြားလူကို ဖျက်ဆီးပစ်လိုသည့် စိတ်ဝင်စားမှုမျိုး မရှိပါချေ။

အကယ်၍ နတ်ဘုရားအဆင့်သားရဲကြီး၏ နိုးထလာမှုကြောင့်သာမဟုတ်လျှင် လင်းရွှမ်ကို ဤနေရာတွင် မြင်နိုင်မည်မဟုတ်ပါ။ သူ့ရဲ့စိတ်ကို မလှုပ်ခတ်နိုင်သရွေ့ ‘အမျက်ဒေါသ’သည် လိမ်ညာမည်မဟုတ်။ ထို့ကြောင့် အရာအားလုံးဟာ အမှန်တရားများသာ ဖြစ်သည်။

ထိုနေ့ည၊ ရေခဲဝိဉာဉ်သားရဲလေးနှင့် မော့ကျိုးရှောင်တို့ အတူရှိနေခဲ့သော ထိုနေ့ညမှ ဖြစ်ရပ်အားလုံးသည် သူ့ရဲ့စိတ်အာရုံအတွင်း တစ်ဖန်ပြန်လည် ထင်ဟပ်လာသည်။ သို့သော်ငြား အမှန်တရားသည် သူထင်မှတ်ထားသောအရာများနှင့် လုံးလုံးလျားလျား ကွဲပြားနေလေ၏။

ရုတ်တရက် နှလုံးသားထဲမှ စူးနင့်နေသောဝေဒနာသည် ပိုမိုဆိုးရွားလာခဲ့သည်။ အပ်နှင့်ဆွနေသလို နာကျင်မှုမျိုးမှ ယခုအခါ သူ့ရဲ့အသားကို ဓားထက်ထက်ဖြင့် လှီးဖြတ်နေသလို နာကျင်လာရသည်။ နှလုံးခုန်လိုက်တိုင်း နှလုံးအိမ်အတွင်းမှ အနီရင့်ရင့်သွေးများ စိမ့်ထွက်လာသည့်နှယ် အနီရောင်တောက်တောက် နှလုံးသွေးများသည် အမှောင်ထုထဲသို့ စီးဝင်သွားပြီး မကျေနပ်ခြင်းများ၊ နောင်တ,တရားများဖြင့် ပြည့်လျှံစေ၏။

သားရဲလေးက သူ့ကိုချစ်နေတာ..

သားရဲလေး ချစ်နေတဲ့လူက သူပဲ..

ဒါပေမယ့် ချစ်တယ်ဆိုရင် ဘာလို့ခွင့်လွှတ်နိုင်ရတာလဲ..? ဘာလို့ သဝန်မတိုရတာလဲ..? ဘာလို့ သူ့ကိုပိုင်ဆိုင်နိုင်ဖို့ မကြိုးစားရတာလဲ..? ဘာလို့လဲ…….?

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now