8

6.4K 1.1K 61
                                    

Unicode

ရန်ချန်း..! ဘယ်လိုလုပ် ရန်ချန်းဖြစ်နေရတာလဲ..?!

ညအမှောင်အောက်ဝယ် ကောင်လေး၏ နုနယ်သောမျက်နှာလေးက ပိုမိုဖြူဖျော့သွားရသလို သူ့ရဲ့နှုတ်ခမ်းများက အရောင်ကင်းမဲ့သွားသည့်အလား။ အနက်ရောင်မျက်ဆံများက ကြောက်လန့်ခြင်း၊ စိတ်ပျက်အားငယ်ခြင်းများဖြင့် ပြည့်လျှံနေတော့သည်။

ခြူးမုယွင်က အသံတစ်ချက်ပင် မထွက်ခဲ့။ ဒီလိုအခြေအနေမျိုးမှာ စကားပြောနေစရာ လိုအပ်သေးလို့လား..?

ပါးလွှာသည့်အတွင်းဝတ်က ခါးထိတိုင်လျောကျနေပြီး ပုခုံးသားထက်၌ ချယ်ရီပွင့်ဖတ်များဖြင့် ပြည့်နှက်နေချေ၏။ ပျားရည်ကဲ့သို့ ချိုမြိန်နူးညံ့လွန်းသည့် ရင်ဘတ်ပိုင်းကလည်း လှစ်ဟလျက်သား၊ အနီရောင်အမှတ်များက အနမ်း၏သက်ရောက်မှုကြောင့် စိုစွတ်တောက်ပနေသလို ထိုအောက်ဘက်တွင်တော့ အပ်ချည်မျှင်တစ်စပင် အကာအကွယ်မရှိ၊ ဗလာကျင်းဖြစ်နေတော့သည်။

ရန်ချန်၏လက်တစ်ဖက်က ခြူးမုယွင်၏ခါးကို ပွေ့ဖက်ထားရင်း အရူးအမူး နမ်းရှိုက်နေလေ၏။ သို့သော်လည်း ခြူးမုယွင်ကိုယ်တိုင်က သူ့ရဲ့ခန္ဓာကိုယ်ကို ပင့်ပေးနေရင်း သူ့ကိုယ်သူ စတေးနေသလို၊ တစ်ဖက်လူ၏ချော့မြူမှုကို မျှော်လင့်စောင့်စားနေသည့်အလား။

ဒါ.. ဒါကြီးက အရမ်းရမ္မက်ကြီးလွန်းတာပဲ။

လက်ရှိအခြေအနေကို မည်သို့မည်ပုံ ဖြေရှင်းရမှန်းမသိတော့ချေ။ ထိုမြင်ကွင်းကို မြင်လိုက်ရသည့်လူတိုင်း ခြူးမုယွင်ကသာ ထိုအမှုကိစ္စကို စတင်ခဲ့သူကဲ့သို့ ထင်မြင်သွားစေလောက်သည်။ ထိုဖြစ်ရပ်တစ်ခုလုံးက အတင်းအဓမ္မ ကြံစည်ခံရတာမျိုးမဟုတ်ပဲ နှစ်ဦးသဘောတူ ချစ်ခင်တွယ်တာခြင်းများဖြင့် ဟန်ချက်ညီနေသလိုပင်။

ပို၍ထိတ်လန့်ဖွယ်ကောင်းသည်က လက်ရှိအခြေအနေသည် ပထမဆုံးအကြိမ်မဟုတ်တော့။ ထိုသို့ဖြစ်ပျက်ခဲ့သည်မှာ ပထမဆုံးအကြိမ် လုံးဝမဟုတ်တော့ချေ။

ခြူးမုယွင်၏မျက်ဝန်းများက ယူကြုံးမရခြင်းများဖြင့် ဖုံးလွှမ်းသွားတော့သည်။ သူက အရူးတစ်ယောက်မဟုတ်တာကြောင့် လက်ရှိအခြေအနေကို လျင်မြန်စွာပင် နားလည်သွားခဲ့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now