51

4.8K 950 35
                                    

Unicode

အကယ်၍ ထိုနေရာ၌ ခြူးမုယွင်သာ ရှိနေခဲ့လျှင် ကျိန်းသေပေါက် အံ့အားသင့်သွားမည်မှာ မလွဲဧကန်ပင်။

အိပ်စက်နေသော လူရွယ်လေး၏ ရုပ်ရည်သွင်ပြင်သည် မူလကမ္ဘာမှ ခြူးမုယွင်နှင့် ချွတ်စွပ်တူညီနေ၏။ ခန္ဓာကိုယ်အချိုးအစားကအစ အတော်လေး ဆင်တူနေသည်။

(TN : မူလကမ္ဘာဆိုတာ ခြူးမုယွင် ဝိဉာဉ်မကူးပြောင်းခင် ကမ္ဘာမြေကို ဆိုလိုတာပါ။)

တစ်ခုတည်းသော ကွာခြားချက်မှာ အသားအရေပင်။

နေရောင်ခံရသည်ကို ကြိုက်နှစ်သက်သော လူငယ်တစ်ယောက်အနေဖြင့် ခြူးမုယွင်၏ အသားအရေသည် ကြေးနီရောင်သမ်းနေတတ်သော်လည်း လဲလျောင်းနေသော ထိုလူရွယ်လေးကတော့ အလင်းထွင်းဖောက်လုနီးပါး ဖြူဖျော့နေသည်။ ဤကဲ့သို့ အေးစိမ့်နေသော နေရာမျိုးတွင် ထိုလူရွယ်၏ အသားအရေသည် အပြာရောင်သမ်းလုနီးပါးပင် ထင်မှတ်ရ၏။

သို့သော် သူသည်လည်း အလောင်းတစ်ခုသာ...

အသက်ငွေ့ပင် မရှိတော့ပါချေ။ နှလုံးအိမ်သည် ခုန်ပေါက်ခြင်းအလျင်းမရှိ ရပ်တန့်နေလေသည်။ ကိုယ်တွင်းမှသွေးများ ခဲနေပြီဖြစ်သလို ခန္ဓာကိုယ်တွင်လည်း အနွေးဓာတ်ဟူ၍မရှိ။ တစ်နှစ်ပတ်လုံး အေးစက်မှုများဖြင့် ထုံမွှန်းနေသော ဤအခန်းထဲမှာပင် ထာဝရ လဲလျောင်းနေရလိမ့်မည်။

ပျင်းရိခြင်း၏အရှင် ကျွင်းမော့သည် အလွန်ထက်မြက်လှသော အဂ္ဂိရတ်ဆရာတစ်ဦးဖြစ်၏။ အနှီခန္ဓာကိုယ်ကို ပကတိအတိုင်း နည်းလမ်းမျိုးစုံဖြင့် ထိန်းသိမ်းထားခဲ့ပါသော်ငြား စိတ်ဝိဉာဉ်ကိုမူ ဘယ်သောအခါမှ ပြန်ခေါ်နိုင်ရန် မကြိုးစားခဲ့ပါချေ။

ကံတရားဟူသည်ကား အမြဲပင် တစ်ပတ်လည်လာတတ်သည်။

မကောင်းမှုကို ပြုခဲ့လျှင် ၎င်း၏အကျိုးဆက်ကို ကျိန်းသေပေါက် ပြန်လည်ခံစားရလိမ့်မည်။

ထိုလူသားလေးထံမှ အနွေးဓာတ်ကို မည်မျှပင် တောင့်တနေခဲ့ပါစေ၊ လက်ရှိအချိန်တွင် သူ၏အရေပြားသည် အရိုးအက်လုနီးပါး အေးစိမ့်နေပါ၏။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now