83

3.9K 798 29
                                    

Unicode

ခြူးမုယွင်ကို ရက်ပေါင်းများစွာ ပိတ်လှောင်ထားပြီးနောက် ရှန်ရွှိန်ယန်းက လမ်းလျှောက်ထွက်ရန် လာခေါ်ခြင်းပင်။ သေချာတာပေါ့။ အနီးပတ်ဝန်းကျင်ကို အရင်ဆုံး ရှင်းလင်းထားပြီး ခြူးမုယွင် နေပူဆာလှုံနိုင်အောင်၊ အညောင်းအညာပြေ လမ်းလျှောက်နိုင်အောင် စီစဉ်ပေးထားခဲ့သည်။ အချိန်အကြာပြီး ပိတ်လှောင်ထားတာက ဘယ်လောက်ပဲ ကျန်းမာရေးကောင်းပါစေ၊ ခန္ဓာကိုယ်ကို ပျက်စီးဆုတ်ယုတ်စေသည်လေ။

သို့သော်..

ဤသို့သော ဖြစ်ရပ်မျိုးဖြင့်သာ ကြုံတွေ့လိုက်ရသည်။

ရှန်ရွှိန်ယန်းက တံခါးဝတွင် ခြေစုံရပ်နေခဲ့သည်။ သူ၏မျက်ဝန်းများမှာ ရေခဲလုမတတ် အေးစက်လာခဲ့ချေ၏။

“ရှဲ့ချင်းလန်က ဘာတွေများကောင်းနေလို့လဲ..?”

သို့သော် Heat တက်နေသော ခြူးမုယွင်ခမျာ ရှန်ရွှိန်ယန်း ပြောနေသမျှကို အဘယ်သို့ နားလည်နိုင်ပါ့မည်နည်း။ သူ၏နားထဲတွင် ‘ရှဲ့ချင်းလန်’ ဟူသော စကားလုံးသုံးလုံးသာ ကြားယောင်နေခဲ့သည်။

“ငါ သူ့နဲ့တွေ့ချင်တယ်.. သူ့ကို လိုချင်… အွမ်း…”

စကားမဆုံးခင်မှာပင် ရှန်ရွှိန်ယန်းက ခြူးမုယွင်၏မေးရိုးကို ဖျစ်ညှစ်လိုက်ပြီး ဆက်မပြောနိုင်အောင် လုပ်ပစ်လိုက်သည်။

ခြူးမုယွင်၏ ကြည့်ကောင်းသော ရွှေညိုရောင်အသားအရေသည် ယခုတော့ နေမထိလေမထိ နေခဲ့ရတာကြောင့် ဖြူဖျော့နေလေပြီ။ ထို့အပြင် ပါးပြင်နှစ်ဖက်က မူမမှန်စွာ အနီရောင်သမ်းလျက်၊ ရီဝေနေသော မျက်ဝန်းများသည် ရမ္မက်စိတ်ကြောင့် မိန်းမောနေလေ၏။

ဆွဲဆောင်မှုရှိလွန်းစွာ လာပြီးအနိုင်ကျင့်လှည့်ပါ၊ ဖျက်ဆီးပစ်လှည့်ပါဟု ဖိတ်ခေါ်နေသလိုလို။

ရှန်ရွှိန်ယန်းက အနားကပ်သွားပြီး အံကြိတ်ကာ ပြောလိုက်သည်။ သူ၏အသံထဲတွင် ပင်ပန်းနွမ်းလျခြင်းများ ရောယှက်နေ၏။

“စိတ်ကူးယဉ်နေတာ ရပ်လိုက်ပါတော့.. အဲ့ကောင်နဲ့ ဘယ်တော့မှ ထပ်တွေ့ခွင့်ရမှာမဟုတ်ဘူး.. မဟုတ်သေးဘူး.. ဒီနေ့ကစပြီး ခင်ဗျား ဘယ်သူနဲ့မှ မတွေ့ရဘူး..”

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now