181

3K 544 25
                                    

Unicode

တကယ်တော့ ကျွင်းမော့သည် ရှန်ရွှိန်ယန်းက ဘာကိုလိုချင်နေပြီး ရှဲ့ချင်းလန်မှာ ဘာရှိနေမှန်း မသိပါချေ။

သို့သော် တဖြည်းဖြည်း စိတ်တည်ငြိမ်လာသောအခါ ထိုလူနှစ်ယောက်နှင့် ပက်သက်၍ မူမမှန်သည့်အချက် တော်တော်များများ ရှိနေကြောင်း သတိပြုမိလိုက်၏။ လျှို့ဝှက်နယ်မြေထဲတွင် ရှန်ရွှိန်ယန်းနှင့် ရှဲ့ချင်းလန်တို့ကို ရှေ့ဆင့်နောက်ဆင့် တွေ့ဆုံခဲ့ခြင်းက ထိုနှစ်ယောက် တစ်ခုခုကို လိုက်ရှာနေကြောင်း ဖော်ပြနေလေသည်။

ရှဲ့ချင်းလန်သည် အပူအပင်ကင်းစွာဖြင့် ပုံရိပ်ယောင်နန်းတော်သို့ ပြန်ရန်ပင် တက်ကြွနေခဲ့သည်။ ဖြစ်တန်သည်ကား သူ ရှာဖွေနေသည့်ပစ္စည်းနှင့် ပက်သက်၍ သဲလွန်စရသွားတာ၊ သို့မဟုတ် အစကတည်းက ရှာတွေ့ပြီးသား ဖြစ်နိုင်သည်။

ထို့ကြောင့် ကျွင်းမော့သည် ရှန်ရွှိန်ယန်းအား ဆက်သွယ်လိုက်ခြင်းပင်။

ရှဲ့ချင်းလန်တွင် ဘာမှမရှိလျှင်ပင်၊ ရှန်ရွှိန်ယန်းနှင့် နှစ်တစ်ထောင်ရန်သူတော်များ ဖြစ်တာကြောင့် စကားလုံးအနည်းငယ်မျှဖြင့် ရန်တိုက်ပေး၍ရသည်။ ကျွင်းမော့လည်း 'သူ့အကြံ မဆိုးဘူး' ဟုတွေးကာ ရှန်ရွှိန်ယန်းနှင့် တွေ့ဆုံခဲ့လေသည်။

နှစ်ယောက်သား တစ်ဦးကိုတစ်ဦး ကြည့်မရသောကြောင့် ပြန်တွေ့သောအခါ အချင်းချင်း မျက်နှာသာမပေးသည်မှာ ပုံမှန်ပါပင်။

ရှန်ရွှိန်ယန်းသည် နှင်းကဲ့သို့ ဖြူဥနေသော အသားအရေ၊ မျက်နှာလှလှလေးနှင့် ရင်သပ်ရှုမောဖွယ်ကောင်းအောင် ဝတ်စားထား၏။ နဖူးထက်ဝယ် အေးစက်စက် ငွေနှင်းပင်လယ်ကြားမှ ဇီးပန်းပွင့်နီရဲရဲလေးနှယ် ဟင်္ဿာပြဒါးမှတ်လေး တည်ရှိနေလေသည်။ သူ၏မျက်နှာထားက အေးစက်နေသော်ငြား လူအများ ငေးမကြည့်ဘဲ မနေနိုင်လောက်အောင် ညှို့ယူဖမ်းစားနေတော့သည်။

တစ်ဖက်မှာတော့ ကျွင်းမော့သည် သာမာန်အဝတ်အစားမျိုးသား ဝတ်ဆင်ထားပြီး ငွေရောင်ဆံနွယ်များကို လျော့တိလျော့ရဲလေး ချထားသည်။

ထိုသို့သော တုနှိုင်းမဲ့ပုဂ္ဂိုလ်နှစ်ယောက် မျက်နှာချင်းဆိုင် ယှဥ်ရပ်နေသောအခါ မျက်စိပသာဒဖြစ်ဖွယ်အတိ။ နှစ်ယောက်သား၏ မျက်နှာထက် အပြုံးတစ်ခုပင် ရှိမနေသည်မှာတော့ နှမြောစရာ ကောင်းလှသည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now