40

4.9K 953 64
                                    

Unicode

Zero : “‘မနာလိုခြင်း’ အသွင် ပုံပြောင်းထားတဲ့ ‘မာန’ပဲ..”

ခြူးမုယွင် : “မင်းရဲ့အာရုံခံနိုင်တဲ့အပိုင်းကို ပိတ်ထားလိုက်တော့..”

Zero : “Σ(°△°|||) မင်းတို့နှစ်ယောက် အဲ့တာလုပ်ကြတော့မလို့လား..?”

ခြူးမုယွင် : “ဘယ်လိုထင်လဲ..?”

Zero : “Hello.. အလိုအလျောက် ဖြေကြားသောစနစ် ဖြစ်ပါတယ်။ System ကို Sleep Mode မှ ပြန်နှိုးချင်လျှင် ကျေးဇူးပြု၍ ‘တစ်’လို့ပြောပါ။ System ထံမှ အကူအညီလိုအပ်လျှင် ကျေးဇူးပြု၍ ‘နှစ်’လို့ပြောပါ။ System ၏ Sleep Mode ကို အချိန်ထပ်တိုးချင်လျှင် ကျေးဇူးပြု၍ ‘သုံး’လို့ပြောပါ။ ‘တီ’ လို့ကြားပြီးလျှင် စာချန်ထား၍ရပါပြီ။”

ခြူးမုယွင် : အဲ့တော့ ပြောချင်တာက…… ကြိုးစားပမ်းစား Hardware updrade လုပ်ထားတာ၊ ဒီလိုမျိုး အသုံးဝင်တယ်ပေါ့..?

ရူးကြောင်ကြောင် ချစ်စရာကောင်းတဲ့ Zero လေးကို ခနဘေးဖယ်ထားပြီး ခြူးမုယွင်သည် မော့ကျိုးရှောင်၏ ရမ္မက်ပြင်းပြင်းအနမ်းထဲသို့ စိတ်နှစ်ထားလိုက်၏။

ရန်ချန်းအသွင် ပုံပြောင်းထားပါသော်လည်း မော့ကျိုးရှောင်နှင့် မတွေ့ရတာ ကြာပြီဖြစ်တာကြောင့် ခြူးမုယွင်မှာ အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။

မည်သို့ပင်ဆိုစေ သူတို့နှစ်ဦးသည် ခုနစ်နှစ်ကျော်ကြာ ချစ်ကျွမ်းဝင်ခဲ့တာကြောင့် တစ်ဦးနှင့်တစ်ဦး အလွန်သိနားလည်သည်။ ထို့အပြင် မော့ကျိုးရှောင်၏ အိပ်ရာထက်မှစွမ်းရည်သည် အလွန်ကောင်းမွန်သည်။ သူရဲ့အပြုအစုအောက် ရောက်သွားသူတိုင်း ထင်မြင်ချက်ကောင်း ကျန်ရစ်ခဲ့မည်မှာ မလွဲဧကန်ပင်။

ခြူးမုယွင်တစ်ယောက် သားရဲတစ်ကောင်၏ စိတ်ခံစားချက်အတိုင်း ခံစားကြည့်လိုက်သည်။

ယခုကဲ့သို့သော အခြေအနေမျိုးတွင် သူ့အနေဖြင့် စိတ်နှလုံးမတည်မငြိမ် ဖြစ်နေသင့်သည်ဟု သူထင်သည်။ ချစ်ရသူကို တစ်သက်လုံး ဆုံးရှုံးရတော့မည်ဟု ထင်မှတ်နေသည့်အချိန် ထိုအမျိုးသားသည် သူ့ဆီကို ပြန်ရောက်လာခဲ့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now