102

3.6K 807 30
                                    

Unicode

“ကောင်းကင်ကပ်ဘေးခန္ဓာကိုယ်’သည် အမှန်ပင် ဂုဏ်သတင်းနှင့် ထိုက်တန်လှပေသည်။

ဆရာခြူးခမျာ အချောလေးကို ထိပင်မထိခဲ့ရပါသော်ငြား ကံဆိုးခြင်းများသည် မိုးကောင်းကင်ပေါ်မှ ပြုတ်ကျလာခဲ့ချေ၏။

၎င်းအဖြစ်အပျက်သည် ရုတ်တရက်ဆန်လွန်းပြီး ယုတ္တိမတန်သလို သူ့အတွက် တမင်ဖန်တီးလိုက်သည့်အလား ထင်မှတ်ရပေသည်။

ခြံတံခါးအောက် ဖြတ်လျှောက်လိုက်သည့်တခန တံခါးဘောင်ပြိုကျလာခြင်းပင်။

ရှဲ့ချင်းလန် ဖန်တီးအပ်သော၊ အတုမရှိအောင် ကြီးကျယ်ခမ်းနားလှသော နန်းတော်ကြီး၏ ခြံတံခါးဘောင်သည် တကယ်ကြီး ပြိုကျလာခဲ့လေသည်။ အရံခြံဝင်းလေးတစ်ခုသာဖြစ်ပြီး ပင်မနန်းဆောင်ကြီး မဟုတ်သည့်အတိုင် ဤသို့ ခြံတံခါးဘောင် အလွယ်တကူ ပြိုကျလာခြင်းက…. ဤနန်းတော်ကို တို့ဟူးဖြင့် ပြုလုပ်ထား၍ပေလော။

ဤသို့သော မတော်တဆမှုသေးသေးလေးက ခြူးမုယွင်ကို ထိခိုက်အောင်မလုပ်နိုင်ပေ။ လက်တစ်ချောင်းပင် မြှောက်နေစရာမလို၊ ရေခဲဝိဉာဉ်သားရဲ၏ သဘာဝအကာကွယ်ဖြင့်ပင် လုံလောက်ချေသည်။

အပျက်အစီးများကြားမှ ဖုန့်မှုန့်များ တလိမ့်လိမ့်တက်လာသည့် အနှီမြင်ကွင်းသည် အမှန်ပင် လှပခဲ့ချေ၏။ သို့သော် ကျွင်းမော့အဖို့ အနည်းငယ်မျှပင် အံ့ဩစရာမရှိသလို၊ ခြူးမုယွင်ကိုသာ ဗလာကျင်းသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့လေသည်။ မှိန်ဖျော့ဖျော့ ငွေမှင်ရောင်မျက်ဝန်းများသည် မိုးကုတ်စက်ဝိုင်းထက်မှ တိမ်တိုက်များနှယ် အဆုံးအစမဲ့လျက်။

ခြူးမုယွင်က လက်မြှောက်ကာ အစီအရင်တစ်ခု ဖန်တီးလိုက်သည်။ ပြိုကျနေသော တံခါးဘောင်သည် ရုတ်ချည်း ပကတိအကောင်းအတိုင်း ပြန်ဖြစ်သွားခဲ့လေ၏။ ဖုန်မှုန့်များ ပျောက်ကွယ်သွားပြီး ခမ်းနားကြီးကျယ်မှုများ ပြန်လည်နေရာယူလာခဲ့သည်။ ထိုနေရာမှရှိနေခဲ့သော အမျိုးသားသည်လည်း အစောပိုင်းက ဘာမှမဖြစ်ခဲ့သလိုမျိုး တည်ငြိမ်ကြော့ရှင်းစွာ မတ်တပ်ရပ်နေလေသည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now