25

7.5K 1K 95
                                    

Unicode

လူသားစင်စစ်ကနေ အမွေးလုံးလေးဘဝကို ပြောင်းလဲသွားသောအခါ…. ဆရာခြူး၏အတွေးထဲ၌ :

တော်တော်ချစ်ဖို့ကောင်းတဲ့ အရူးလေး၊ အသံတိတ်နေတယ်ပေါ့။ သတ်ပစ်ချင်လာပြီ။

‘မသေစေရဘူး’ ဆိုတဲ့ ကတိထဲမှာ တိရစ္ဆာန်ဘဝ ပြောင်းသွားတာရော ပါတာပဲလား..?

ခန္ဓာကိုယ်တစ်ခု ရှာဖွေတာလိုမျိုး ကိစ္စကြီးတစ်ခုအတွက် ​စိတ်ဝင်တစားနဲ့ အလေးအနက်ထား၊ အာရုံစူးစိုက်ပြီး လုပ်‌ပေးသင့်တယ် မဟုတ်ဘူးလား..? ဒီလိုမျိုး ဖြစ်ကတက်ဆန်း မလုပ်လို့မရဘူးလား..?!

ခြူးမုယွင်က သက်ပြင်းချလိုက်သည်။ သူက Zero လေးနဲ့ စကားကောင်းကောင်း ပြောကြည့်ချင်ရုံပါ။ သို့သော်လည်း ဘယ်သူထင်ထားခဲ့မှာလဲ။ လေပူတစ်ချက် တိုးဝှေ့လာခဲ့ပြီး ပြင်းထန်ရက်စက်သည့် လေထုအရှိန်အဝါက သူ့ရဲ့အမွေးလုံးခန္ဓာကိုယ်လေးကို အမွေးထောင်ထသွားစေခဲ့သည်။ တစ်တစ်ဆို့ဆို့ မြည်ဟည်းသံနှင့်အတူ သူ့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ ပြုတ်ထွက်လုမတတ်။

တစ်ခါသေပြီးပြီ။ နောက်တစ်ကြိမ် ထပ်သေဖို့အတွက် ခြူးမုယွင်မှာ စိတ်ပိုင်းမဖြတ်ရသေးပေ။

Zero လေးနှင့် စကားပြောမည့်အတွေးကို ဖယ်ထုတ်လိုက်ပြီး မော့ကြည့်လိုက်သည်။ သူ့အရှေ့မှာ ပေါ်ထွက်လာသည့်မြင်ကွင်းက တကယ့်ကို စိတ်လှုပ်ရှားဖွယ်ရာပင်။

ကြီးမားသည့် လှိုဏ်ဂူကြီးတစ်ခုထဲတွင် ရောက်ရှိနေခြင်းဖြစ်ပြီး မရေမတွက်နိုင်သည့် ကျောက်စက်ပန်းဆွဲများ၊ ကျောက်စက်မိုးမျှော်များမှာ လှပဆန်းကျယ်စွာ။ သို့သော်လည်း ထိုလှပမှုများမှာ ကွဲကြေကျိုးပြတ်နေပြီး အမှုန့်အခဲများပင် ဖြစ်နေခဲ့ချေပြီ။ မှောင်မိုက်စိုစွတ်နေသည့် လှိုဏ်ဂူအတွင်းပိုင်းက ရုတ်တရက် တောက်ပလာခဲ့ပြီး ထိုအလင်းမှာ နေ့အလင်းရောင်ဖြင့်ပင် ယှဉ်နိုင်လောက်သည်။ ထိုစဉ်အတွင်း လေထုအပူချိန်က ဆာဟာရသဲကန္တာရကဲ့သို့ ပူလောင်လာခဲ့ပြီး တစ်စုံတစ်ခု၏ ဆွဲငင်ခံလိုက်ရသကဲ့သို့ မြင်ကွင်းတစ်ခုလုံးမှာ ပုံပျက်ပန်းပျက် ဖြစ်နေတော့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now