178

2.5K 518 22
                                    

Unicode

ယဲ့ကျန့်ဟန်..!

အတိတ်မေ့မနေတဲ့ ယဲ့ကျန့်ဟန်ပဲ..!

ခြူးမုယွင်၏ နာ့ဗ်ကြောများ တောင့်တင်းသွား၏။ သူ၏ခန္ဓာကိုယ်က လေးကြိုးပေါ်မှ မြားတစ်စင်းနှယ် တဆတ်ဆတ် တုန်ယင်နေလေသည်။ နဖူးထက်မှ ချွေးစေးများသည် ကျောက်စိမ်းသားနှယ် ပါးပြင်တစ်လျှောက် စီးကျလာပြီး တစ်စက်ကျသွားတိုင်း လေးကြိုးတုန်ခါနေသယောင် ထင်မြင်ရစေသည်။

ယဲ့ကျန့်ဟန်သည် ခြူးမုယွင်အား စိတ်ဝင်တစား စိုက်ကြည့်နေခဲ့သည်။ ခြူးမုယွင်၏ ဝေဒနာခံစားနေပုံကိုကြည့်ရင်း အတော်လေး အားရကျေနပ်နေဟန်။

“ကိုယ့်ကို အမျိုးမျိုးလှည့်စားပြီး ထောင်ချောက်ဆင်ခဲ့တာက ရှို့လော်နယ်မြေထဲမှာ ပိတ်ထားချင်လို့လား..?”

ခြူးမုယွင်က အောက်နှုတ်ခမ်းကို ကိုက်ကာ ဘာမှပြန်မပြောခဲ့ပေ။

ပုံမှန်အခြေအနေမှာပင် ယဲ့ကျန့်ဟန်၏ လှည့်စားမှုအောက် မပြောသင့်သည့် သူ၏လျှို့ဝှက်ချက်များကို ပြောမိတော့မလို ဖြစ်ခဲ့သေးသည်။ ယခုအချိန်တွင် သူ၏စိတ်ဓာတ်ခွန်အားက တကယ့်ကို နည်းပါးလွန်းနေ၏။ ထို့ကြောင့် ဘာမှထုတ်မပြောပါဘူးဟု သူ့ကိုယ်သူပင် အာမခံရန်ခက်လှသည်။

ထို့အပြင် ယဲ့ကျန့်ဟန် ဘာလို့အကုန်မှတ်မိနေမှန်း သူ စဉ်းစားမရသေးပေ။

ယဲ့သမ့်သမ့်က ဦးနှောက်ဆေးခံထားရတာပါ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..?

ယဲ့ကျန်ဟန် သူ့ကို ပြောပြမည်မဟုတ်မှန်း ဗေဒင်မေးစရာမလို။ ခြူးမုယွင်တစ်ယောက် စကားပြောရန် တွန့်ဆုတ်နေခဲ့လေသည်။ တစ်ကြိမ်တစ်ခါ အမှားလုပ်ခဲ့ဖူးတာကြောင့် လက်ရှိအချိန်တွင် ရှို့လော်နယ်မြေမှ လွတ်မြောက်ရန်သာ အာရုံစိုက်ထားလိုက်သည်။

ယဲ့ကျန့်ဟန်က အလျင်လိုပုံမပေါ်။ တမြေ့မြေ့တောက်လောင်နေသော မျက်ဝန်းနက်နက်များဖြင့် သည်အတိုင်းလေး ငေးစိုက်ကြည့်နေ၏။

ခြူးမုယွင်ခမျာ နာကျင်ခံစားနေသည့်ကြားမှ ယဲ့ကျန့်ဟန်ကိုလည်း အာရုံစိုက်နေရသေးသည်။ တကယ့်ကို ပင်ပန်းဆင်းရဲလှသည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now