148

2.8K 638 49
                                    

Unicode

တကယ်တော့ အနှီခံစားချက်သည် ဟာသဆန်လွန်းနေ၏။ ရင်းနှီးသလိုလို စိမ်းသက်သလိုလို ဖြစ်နေသည့် ကို့ရို့ကားရား စိတ်ခံစားချက်ကို အသာထား၊ ထိုသို့စိတ်ခံစားချက်မျိုး ပေါ်ထွက်လာသည်ကပင် လုံးဝမူမမှန်နေပြီဖြစ်သည်။

အကြောင်းမှာ အဖြူရောင်အလင်းထဲမှပုံရိပ်သည် အတော်လေး ဝေဝါးလွန်း၍ သူ၏ပုံပန်းသဏ္ဌာန်ကိုပင် ရှင်းရှင်းလင်းလင်း မမြင်နိုင်ပါချေ။ အလွန်ဆုံးမြင်နိုင်သည်က ထိုလူသား၏ ခန္ဓာကိုယ်ကောက်ကြောင်းနှင့် ခါးအထိဖြာကျနေသော မင်ရည်နက်နက် ဆံနွယ်ရှည်များသာ။ ပုံပန်းသွင်ပြင်ကို သဲသဲကွဲကွဲ မမြင်နိုင်ပါသော်လည်း ဘာကြောင့်ရယ်မသိ၊ ယဲ့ကျန်ဟန်၏စိတ်ထဲတွင် ထိုလူသားဟာ အလွန်ကြည့်ကောင်းသည်ဟု ထင်မြင်နေမိ၏။

ယဲ့ကျန့်ဟန်မှာ ထိုလူသားအား သဲသဲကွဲကွဲ မြင်ချင်နေမိသည်။ သူသာ သဲသဲကွဲကွဲ မြင်နိုင်ခဲ့လျှင် အံ့ဩမှင်သက်ဖွယ် အမှန်တရားတစ်ခုကို တွေ့ရှိနိုင်လိမ့်မည်ဟု ရှင်းမပြတတ်အောင် ခံစားနေရသည်။ ထိုအမှန်တရားက သူ၏လက်ရှိအမြင်အားလုံးကို ချိုးဖျက်ပစ်ပေလိမ့်မည်။

နောက်ဆုံးတော့ ယဲ့ကျန့်ဟန် စိတ်မထိန်းနိုင်တော့ဘဲ အသိစိတ်ပျောက်သူလို ရှေ့တစ်လှမ်းတိုးလိုက်၏။ နောက်တော့ ဦးနှောက်တစ်ခုလုံး ဗလာကျင်းသွားပြီး အတော်ကြာအောင် ရှေ့ဆက်လျှောက်နေမိသည်။

ခြူးမုယွင်က အစမှအဆုံးထိ ငေးကြည့်နေခဲ့သည်။

ဤဖြစ်ရပ်ကို <<နတ်ဆိုးတို့၏တိုင်းပြည်>> ဝတ္ထုထဲတွင် ဖော်ပြထားပြီးသားဖြစ်သည်။

ယဲ့ဖေး (အဓိကဇာတ်လိုက်) သည် ယဲ့ကျန့်ဟန်နှင့်တိုက်ခိုက်ရင်း ‘အစားကြူးခြင်း’အရှင်သခင်၏ သွေးတစ်စက်ကို အဖြူရောင်အလင်းထဲသို့ မတော်တဆ ရောက်ရှိစေခဲ့၏။ ထို့နောက် အနီရောင်အလင်းတန်းတစ်ခု ရုတ်တရက် ဖြာထွက်လာခဲ့သည်။ ရှို့လော်နယ်မြေတစ်ခုလုံး ဆိုးဆိုးဝါးဝါး လှုပ်ယမ်းလာခဲ့ပြီး မကောင်းသော စိတ်ခံစားချက်များ၏ အော်ဟစ်သံများ၊ ငိုကြွေးသံများ အုတ်အော်သောင်းနင်း ထွက်ပေါ်လာတော့သည်။ ခိုဥအရွယ်မြူခိုးလုံးများ ဆင့်ကဲကြီးထွားလာပြီး ဘောလုံးတစ်လုံးခန့် ဖြစ်လာသည်။ တောင်တစ်လုံးနှယ် အမြစ်တွယ်နေသော မြူခိုးလုံးကြီးများမှာ လေပေါ်ပျံတက်သွားပြီး မိုးကောင်းကင်တစ်ခုလုံးကို ဖုံးကွယ်ပစ်လုမတတ် ဖြစ်လာတော့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now