179

2.4K 542 14
                                    

Unicode

ကျွင်းမော့သည် ရွက်ဖျင်တဲသို့သာ ပြန်လာခဲ့လိုက်၏။ သူ၏ အသားအရေက ပုံမှန်အတိုင်း ဖြူဖျော့နေသော်လည်း ငွေရောင်မျက်ဝန်းအိမ်ထဲတွင် လကိုဖုံးလွှမ်းနေသော တိမ်တိုက်မည်းများနှယ်၊ အနက်ရောင်အလွှာတစ်ခု တည်ရှိနေလေသည်။ မှောင်အတိလွှမ်း၍ ထူးထူးခြားခြား ခြောက်ခြားဖွယ်ကောင်းနေတော့သည်။

‘အားမု’ ပြောတော့… ရှဲ့ချင်းလန်ကို သွားနှုတ်ဆက်ဦးမယ်ဆို။ ဒါက သူပြောတဲ့ နှုတ်ဆက်နည်းလား..?

ရှဲ့ချင်းလန် သူ့ကို လိုက်ပိုးချင်နေတာ ‘အားမု’ သိပါရဲ့လား..?

သူ သိပုံရတယ်။ မဟုတ်ရင် ဘာလို့ပွေ့ဖက်ပြီး နမ်းနေမှာလဲ..?

ဘာလို့ ဒီလိုတွေ ဖြစ်ကုန်ရတာလဲ..?

ဘယ်နေရာမှားယွင်းသွားမှန်း ကျွင်းမော့ မသိတော့ပေ။ ရက်အနည်းငယ်အတွင်း သူနှင့်‘အားမု’ ဘာလို့ဒီလောက်ဝေးကွာသွားမှန်း သူ နားမလည်တော့ချေ။

ကျွင်းမော့ခမျာ ရွက်ဖျင်တဲသို့ ပြန်လာခဲ့ပြီးနောက် တစ်ညလုံး အိပ်မပျော်နိုင်ဖြစ်ခဲ့ရ၏။ ‘လင်းမု’သည်လည်း တစ်ညလုံး ပြန်မလာခဲ့ချေ။ အတွေးမလွန်သင့်မှန်း သူ သိသည်။ သို့သော် သူ၏ အတွေးများကို မထိန်းချုပ်နိုင်ခဲ့ပေ။

တစ်ညလုံး ‘အားမု’ ဘာလုပ်နေတာလဲ..?

ရှဲ့ချင်းလန်နဲ့ ဘာကိစ္စရှိလို့လဲ..?

ဘာလို့… ပြန်မလာရတာလဲ..?

တကယ်တော့ ခြူးမုယွင်နှင့် ရှဲ့ချင်းလန်တို့ ဘာမှမဖြစ်ခဲ့ပေ။ ခြူးမုယွင်အနေဖြင့် တစ်ခုခုဖြစ်သွားလည်း စိတ်ထဲမထားပေ။ ဝေဒနာပင် သက်သာရာရဦးမည်။ သို့သော် လက်ရှိဇာတ်ကောင်စရိုက်နှင့် မကိုက်ညီသောကြောင့် သူ့ခမျာ သည်းခံနေရုံသာ တတ်နိုင်ခဲ့သည်။

မိုးသောက်ချိန် အရုဏ်တက်လာသည်နှင့် ဝေဒနာအားလုံးလွင့်ပျယ်သွားချေပြီ။ သို့သော် ခြူးမုယွင်မှာ အလဲလဲအပြိုပြိုဖြင့် တစ်ကိုယ်လုံး အားအင်မရှိတော့ပေ။

ရှဲ့ချင်းလန်က အလွန်စိတ်ထားကောင်းနေပြီး..

“ငါမင်းကို ရေချိုးလို့ရအောင် ခေါ်သွားပေးရမလား..?”

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now