138

2.9K 614 46
                                    

Unicode

ခြူးမုယွင် အသံတိတ်သွားပြီး တခဏမျှ တွေးတောနေခဲ့၏။ နောက်တော့ တစ်စုံတစ်ရာကို ခန့်မှန်းမိလိုက်သည်။ ယဲ့ကျန့်ဟန်က သူ့ကို ‘မှတ်ဉာဏ်အသစ်ရေးရန်’ ကြံစည်နေခြင်းဖြစ်နိုင်သည်။

‘လင်းမု’၏ လင်းစုယွင်အပေါ် စွဲလမ်းစိတ်ကို ယဲ့ကျန့်ဟန် သိနေသောကြောင့် သဘာဝကျစွာဖြင့် ထိုအချင်းအရာကို လက်မခံနိုင်ခဲ့ချေ။ ထို့ကြောင့် သူ့ရဲ့ပထမဦးဆုံးခြေလှမ်းသည် ‘သခင်*’ကိုသတ်၍ ‘လင်းမု’မှတ်ဉာဏ်များကို ရှင်းလင်းပစ်ရန်ဖြစ်၏။ ပြီးနောက် ဒုတိယခြေလှမ်းအဖြစ် လုံးလုံးလျားလျား သူ့အပိုင်ဖြစ်လာသည်အထိ ခြူးမုယွင်အား ပြန်လည်သင်ကြားပေးလိမ့်မည်။

‘လင်းမု’က ခံစားချက်ကြီးသလို အမျိုးသားတွေကို ကြိုက်နှစ်သက်ကြောင်း သိထားသောကြောင့် ယဲ့ကျန့်ဟန်က ‘အချစ်ကစားပွဲ’ ဖန်တီးရန် ဆုံးဖြတ်လိုက်ပြီး ကိုယ်တိုင်ကိုယ်ကျ ဝင်ပါခဲ့သည်။

(TN : သခင်*ဆိုတာ လင်းစုယွင်ကို ရည်ညွှန်းတာပါ။ ယဲ့ကျန့်ဟန်က အချစ်တွေ၊ စွဲလမ်းစိတ်တွေ နားမလည်ဘူး။ လွှမ်းမိုးချုပ်ကိုင်လိုစိတ်ကြီးလွန်းလို့ သူ့ရဲ့စိတ်ထဲမှာ သခင်နဲ့နောက်လိုက် အဲ့နှစ်မျိုးပဲ သတ်မှတ်ထားပါတယ်။)

‘ယဲ့ကျန့်ဟန်ရဲ့ပုံတူ မီးလင်းလာပြီလား..’ဟု Zero လေးအား မေးရန်မလိုပါချေ။ ကျိန်းသေပေါက် မည်းမှောင်နေချေလိမ့်မည်။

သူပြောလာသည့် ‘မင်းကိုချစ်တယ်..’ ဟူသောစကားက အတော်လေး ပြောင်ချော်ချော်နိုင်လွန်းပြီး ‘ရမ္မက်’သခင် ရှဲ့ချင်းလန်သည်ပင် ထိုလေသံဖြင့်ပြောရန် ရှက်ရွံ့နေ​ချေလိမ့်မည်။

အချိန်နှင့်တပြေးညီ တွေးတောနေပါသော်လည်း ခြူးမုယွင်က အလျင်မလိုခဲ့ပေ။

ပင်မခန္ဓာကိုယ်သေဆုံးသွားတာကြောင့် ရုပ်သေးအစီအရင် အသက်ဝင်နေလောက်ပြီ။ သို့သော် လင်းစုယွင်အား ပြီးပြည့်စုံစွာ ပြန်လည်ရှင်သန်စေလိုလျှင် ဝိဉာဉ်လမ်းပြမြက်ကို အသုံးပြုရန်လိုအပ်ပေသည်။ အချိန်ကန့်သတ်ချက်အရ သူ့အတွက် အချိန်ရှိသေးသောကြောင့် တစ်လအတွင်း လင်းယွင်ဂိုဏ်းသို့ ပြန်သွားနိုင်သရွေ့ လင်းစုယွင် သေဆုံးလိမ့်မည်မဟုတ်ပေ။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now