156

2.5K 613 40
                                    

Unicode

သို့သော် ကျွင်းမော့က လက်မလွှတ်ခဲ့ချေ။ ခြူးမုယွင်ကို ဂရုတစိုက် ထိန်းကိုင်ထားရင်း ကျောမှီကုလားထိုင်မှာ ထိုင်စေလိုက်၏။ ပြီးနောက် အနားကပ်ကာ မေးလိုက်သည်။

“အားမု.. ဘာဖြစ်လို့လဲဟင်..?”

ဤမျှဆိုးရွားလွန်းသော နာကျင်မှု၊ တခြားမည်သည့်နေရာကမှ ရောက်လာတာမဖြစ်နိုင်ပေ။ ဘာတွေဖြစ်ပျက်နေမှန်း ကျွင်းမော့ နားမလည်ပါသော်လည်း သူနှင့်ပက်သက်နေလိမ့်မည်ဟု ထင်မြင်နေခဲ့သည်။

သူ့အနားရောက်လာသူတိုင်း အမျိုးမျိုးသော ဘေးကပ်ဆိုးများ ကြုံတွေ့ရစမြဲ။ သဘာဝဘေးအန္တရာယ်က ကပ်ဆိုးတစ်မျိုးဖြစ်ပြီး နာမကျန်းဖြစ်ခြင်းနှင့် တခြားသောဘေးဒုက္ခများလည်း ရှိနေသေးသည်။

ကျွင်းမော့၏ နှစ်ထောင်ပေါင်းများစွာသော မှတ်ဉာဏ်ထဲတွင် သူ့ကိုအိမ်ခေါ်ထားသော လူငယ်တစ်ယောက် ရှိခဲ့ဖူးလေ၏။ ထိုလူငယ်ဟာ တစ်ချိန်တစ်ခါက ကောင်းကင်သားတော်အဖြစ် ဂုဏ်ယူဝင့်ကြွားရသူ ဖြစ်ပါသော်လည်း အသက်ငယ်ငယ်လေးနှင့် ရူးသွပ်သွားရှာသည်။ နောက်တော့ အမြုတေပျက်စီးကာ အသက်ဆုံးရှုံးခဲ့ရသည်။

တစ်ခါ၊ နှစ်ခါဆိုလျှင် တိုက်ဆိုင်မှုဟု သတ်မှတ်နိုင်သည်။ သုံး၊ လေးခါဆိုလျှင်လည်း ကံမကောင်းခြင်းဟု ဆိုနိုင်သေးသည်။ သို့သော် အကြိမ်တိုင်း အမြဲတမ်း ကြုံတွေ့လာရသောအခါ ကျွင်းမော့ တဖြည်းဖြည်းနှင့် နားလည်လာ၏။

ထိုသို့ဖြစ်ရခြင်းမှာ တခြားကြောင့်မဟုတ်၊ သူ့ကြောင့်ချည်းသာ။

တခြားသူများ ပြောနေကြသလို သူဟာ ကံဆိုးခြင်းထွဋ်ခေါင်၊ သွား​လေရာတိုင်း ဘေးကပ်ဆိုးများ ဆောင်ကြဥ်းလာသူ...

သူအသက်ရှင်နေသရွေ့ သူ့ဘေးနားရှိသူတိုင်း၊ သူ့အနားရောက်လာသူတိုင်း၊ ဘာအပြစ်မှမရှိသည့် လူသားများအပေါ် အဆုံးမဲ့ဘေးကပ်ဆိုးများ ဆောင်ယူလာဦးမည်ပင်။

မည်သူမျှ ခြွင်းချက်မရှိ။ အဆုံးသတ်အား စကားတစ်လုံးတည်းဖြင့် အတိုချုပ်ဆိုရသော် : ‘သေခြင်းတရား’ မည်၏။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now