169

2.5K 562 15
                                    

Unicode

ရှန်ရွှိန်ယန်း၏ မျက်ဝန်းအိမ်ထဲတွင် အံ့အားသင့်မှုများ ဖြတ်ပြေးသွားရ၏။ မမျှော်လင့်ထားသည်များ ဖြစ်ပျက်နေတာကြောင့် အချိန်တိုအတွင်း ပြန်လည်တုံ့ပြန်ရန် မတတ်သာခဲ့မှန်း သိသာလှသည်။

ရှန်ရွှိန်ယန်း၏ အသွင်အပြင်သည် တကယ့်ကို Cheat တစ်ခုဖြစ်ပေ၏။ အလွန်လှပသော မျက်နှာလေးရှိပြီး ခံစားချက်များကို ဘယ်သောအခါမှ သိုဝှက်မထားတတ်ပေ။ တစ်စုံတစ်ယောက်ကို နှစ်သက်လျှင် သူနှစ်သက်ကြောင်း ဖော်ပြသည်။ စိတ်ဆိုးနေလျှင် သိသာသည်။ စိုးရိမ်ပူပန်နေလည်း မျက်နှာပေါ်တွင် ပေါ်လွင်နေပြန်သည်။ ထိတ်လန့်နေချိန်တွင် သလင်းကျောက်သဖွယ် မြင်သာနေတော့သည်။ သူသဘောကျသည့်လူနှင့် အပြင်လူကို ပြောဆိုဆက်ဆံပုံသည်လည်း လုံးဝဆန့်ကျင်ဘက်ပင်။

အနှီကွာခြားချက်သည် သူ့နည်းသူ့ဟန်ဖြင့် ဆွဲဆောင်မှုရှိလှ၏။ အကြောင်းမှာ သူ၏ရှေ့မှောက် ရောက်ရှိသွားလျှင် သင့်ကိုယ်သင် သူ့ရဲ့တစ်ဦးတည်းသော အဖိုးတန်လေးအဖြစ် ခံစားသွားရလိမ့်မည်။

-ပိုင်ဆိုင်လိုစိတ် ပြင်းထန်ခြင်းမှ အကြွင်းမဲ့သစ္စာတရားကို မွေးဖွားလာခဲ့သည်။

ရှန်ရွှိန်ယန်း၏ အကျင့်စရိုက်သည် ဆန့်ကျင်ဘက်များစွာဖြင့်… ကလေးဆန်သလို လွှမ်းမိုးချုပ်ကိုင်တတ်သည်။ အပြစ်ကင်းစင်သလို သူမတူအောင် ရက်စက်တတ်သည်။ မှီခိုတတ်သော်လည်း သံသယများလွန်းပြန်သည်။ သဘောကျရသည့် အရာတစ်ခုကို စိတ်ရောကိုယ်ပါ မြတ်နိုးတန်ဖိုးထားတတ်သော်လည်း တစ်ချိန်တည်းမှာပင် တင်းတိမ်ရောင့်ရဲနိုင်စွမ်းမရှိသော လွှမ်းမိုးချုပ်ကိုင်လိုစိတ်များ ရှိနေပြန်၏။ ထိုသို့သော ဆန့်ကျင်ဘက်စရိုက်များက ‘ရှန်ရွှိန်ယန်း’၏ ဂုဏ်ပုဒ်ကို ဖော်ညွှန်းနေလေပြီး ထူးခြားအရိုင်းဆန်သော ဆွဲဆောင်မှုတစ်ခုအဖြစ် ပေါ်လွင်စေခဲ့သည်။

ခြူးမုယွင်သည် ထိုအမျိုးသားလေးကို အတော်လေး နှစ်သက်လှသောကြောင့် ရှန်ရွှိန်ယန်း၏ သနားချင့်စဖွယ်ပုံစံလေးကို ထင်မှတ်မထားဘဲ မြင်လိုက်ရသောအခါ အနည်းငယ် စိတ်ပူပန်လာတော့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now