107

3.4K 776 48
                                    

Unicode

ရေခဲပြာအလင်းစက်ဝန်း ပျောက်ကွယ်သွားချိန်တွင် အပြင်ထွက်လို့ရပြီဖြစ်မှန်း ခြူးမုယွင် သိလိုက်သည်။

နန်းတော်အပြင်ဘက်တွင် အမျိုးသားနှစ်ဦးသည် အစွမ်းထက်ဆုံးသော တိုက်ကွက်များဖြင့် လောကတစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်အောင် တိုက်ခိုက်နေကြလေ၏။ နှစ်ဦးသားသည် ‘မင်းသေရင်သေ၊ မသေရင် ငါသေမှ တိုက်ပွဲရပ်လို့ရမယ်’ ဟူသောဟန်ပန်မျိုးဖြင့် အသေအကြေကို တိုက်ခိုက်နေကြခြင်းပင်။

ခြူးမုယွင်က အလျင်မလိုခဲ့ပေ။ ထိုအစား မျက်မှောင်ကုတ်လျက် ဗလာကျင်းသော မျက်ဝန်းများဖြင့် ငေးကြည့်နေခဲ့သည်။ ဒါပေါ့၊ အနားမှာ ဘယ်သူမှရှိမနေလျှင် အလုပ်ရှုပ်ခံပြီး သရုပ်ဆောင်နေမည်မဟုတ်ပေ။ သူ့ကို စောင့်ကြည့်နေသေးသော တစ်စုံတစ်ယောက် ရှိနေသေးသည်။

မော့ကျိုးရှောင်သည် ‘ရှန်ယွင်’ အရာအားလုံး သတိပြန်ရလာမည့်အချိန်ကို စောင့်နေခဲ့သည်။ ရှဲ့ချင်းလန်အား အဆုံးသတ်တိုက်ကွက်ဖြင့် ထိုးနှက်နိုင်ရန် စောင့်ဆိုင်းနေခဲ့သည်။

သို့သော် သူ့အရှေ့မှမြင်ကွင်းသည် သူမျှော်လင့်ထားသည်နှင့် ကွာခြားနေခဲ့လေ၏။ ရေခဲပြာအလင်းစက်ဝန်း မှေးမှိန်သွားချိန်တွင် ထိုအမျိုးသားသည် ခြေစုံရပ်လျက် ခပ်လှမ်းလှမ်းမှ တိုက်ပွဲမြင်ကွင်းကို အသိစိတ်လွတ်နေသူလို စိုက်ကြည့်နေခဲ့သည်။

ထိုသို့ဖြစ်လာရခြင်းမှာ ‘ရှန်ယွင်’အနေဖြင့် ဆိုးရွားသော အတိတ်မှတ်ဉာဏ်များကို ပြန်မမှတ်မိ၍မဟုတ်ပါပဲ တွေးတောရန် အလွန်များပြားနေသောကြောင့်ပင်။ ဖြစ်ပျက်ခဲ့သမျှ ကိစ္စရပ်များသည် အလွန်ရှုပ်ထွေးသလို နားလည်ရခက်လွန်းသည်။ ထို့ကြောင့် သားရဲငယ်၏ စိတ်ဝိဉာဉ်သည် သူ့ကိုယ်သူ ကာကွယ်နိုင်ရန်အတွက် တခနတာ အသိလွတ်သွားရပြီး စိတ်အာရုံနယ်မြေအတွင်း ပိတ်မိနေတော့သည်။

မော့ကျိုးရှောင်လည်း အနည်းငယ် စိုးထိတ်သွားသည်။ နှုတ်ခမ်းထောင့်လေးများ အသာကော့တက်လာပြီး နောက်ဆုံးတော့ လူလုံးထွက်ပြလိုက်သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now