52

4.7K 968 55
                                    

Unicode

စကားလုံးတိုင်းသည် ရိုးရှင်းလှပါ၏။ သို့သော် စကားလုံးတစ်လုံးချင်းစီသည် ရန်ချန်း၏ ကိုယ့်ကိုယ်ကိုအပြစ်တင်စိတ်နှင့် နောင်တ,တရားများကို နှိုးဆွပေးနိုင်သည်။

သို့သော် အရာအားလုံး အနည်ထိုင်သွားသည့်အချိန် ထို့ထက်ပိုကောင်းသော ခံစားချက်ဟူ၍မရှိ။

ရန်ချန်းက မော့ကျိုးရှောင်ကို ခနဲ့လိုက်သည်။

“ကျွန်တော့်အပေါ် သူ့ရဲ့အချစ်တွေက ခင်ဗျားထက်တော့ ရှည်ကြာနေဦးမှာပဲ.. မဟုတ်ဘူးလား ဆရာတူအစ်ကို..? ခင်ဗျား သူ့ကို ၁၀ နှစ်လုံးလုံး လိမ်ညာခဲ့တယ်.. သူ့ကို ဖျက်ဆီးချင်ရုံနဲ့ ပြုစုပျိုးထောင်ခဲ့တယ်.. ပြီးတော့ရော ဘာဆက်ဖြစ်သွားလဲ..? အချိန်ကျလာတော့ ခင်ဗျားမလုပ်နိုင်တော့ဘူးမလား..? လိမ်ညာချင်ရုံ၊ လှည့်စားချင်ရုံနဲ့ ခင်ဗျားမှာ သူ့ကိုပြန်ခေါ်ခွင့်ရှိလို့လား..?”

မော့ကျိုးရှောင်က ရန်ချန်း၏မေးခွန်းများကို တစ်ခုမှပြန်မဖြေ။ ထိုအစား ခပ်သောသော ရယ်မောကာ သိမ်မွေ့နူးညံ့စွာဖြင့်ပင် ပြန်လည်တုံ့ပြန်လိုက်ပါ၏။

“သူ့ကို အလွတ်ပေးလိုက်ပါတော့ကွာ.. မမေ့နဲ့ မင်းက ‘မနာလိုခြင်း’နော်..”

ရန်ချန်း၏ ခရမ်းရင့်ရင့်မျက်ဝန်းများထဲတွင် အနက်ရောင်တိမ်တိုက်များ ဖြတ်ပြေးသွားသည်။ ငဲ့ညှာခြင်းအလျင်းမရှိ၊ ပြန်ပြောပစ်လိုက်သည်။

“အင်း.. ခင်ဗျားကိုယ်ခင်ဗျားလည်း ‘မာန’ဆိုတာ မမေ့လိုက်နဲ့..”

‘မာန’ရော၊ ‘မနာလိုခြင်း’ရော၊ ဘယ်သူကများ ကိုယ်ပိုင်စရိုက်ကို ထိန်းချုပ်နိုင်လို့လဲ..?

ယခုအချိန်၌ မည်သူမှ လက်လွတ်ဆုံးရှုံးခံမည်မဟုတ်ပေ။

မော့ကျိုးရှောင်၏ လက်ချောင်းများအကြားမှ စိတ်အာရုံထွေပြားခြင်းဆေးလုံးသည် လှပစွာ အရောင်ကွန့်မြူးလာခဲ့၏။ ဆေးလုံးက ပိုပြီးသန့်စင်လေ၊ ဘေးထွက်ဆိုးကျိုး နည်းလေပင်။ ထို့အပြင် ဆေး၏သက်ရောက်မှုကိုလည်း အမြင့်ဆုံး အနေအထားအထိ မြှင့်တင်ပေးနိုင်လိမ့်မည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now