146

3K 643 12
                                    

Unicode

<<နတ်ဆိုးတို့၏တိုင်းပြည်>> ဝတ္ထုတွင် ‘ဝါးမျိုဖျက်ဆီးခြင်း’ စွမ်းရည်သည် ကောင်းကင်ကိုပင် အံတုနိုင်အောင် စွမ်းအားကြီးမားပါ၏။ ယဲ့ကျန့်ဟန်၏ များပြားလှသော တိုက်ပွဲအတွေ့အကြုံများကို ထည့်ပြောရန်မလိုတော့ချေ။ ပင်ကိုအရည်အချင်း မြင့်မားသလို အကျင့်စရိုက်ကလည်း သွေးအေးရက်စက်လှသည်။ သို့ဖြစ်ရာ ‘ဝါးမြိုဖျက်ဆီးခြင်း’စွမ်းရည်နှင့် ပေါင်းစပ်လိုက်သောအခါ ထိုအမျိုးသားအား အားနည်းချက်မဲ့လုနီးပါး ဖြစ်သွားစေ၏။ သူ့အား ယှဉ်ပြိုင်တိုက်ခိုက်ရန်မှာ အလွန်ခက်ခဲလှပါသည်။

သို့သော် Big boss တစ်ယောက်အနေဖြင့် ဇာတ်လိုက်မင်းသားက ယဲ့ကျန်ဟန်ကို အဘယ်သို့ အနိုင်မတိုက်နိုင်ဘဲနေမည်နည်း။ သူ့အား အနိုင်မတိုက်နိုင်လျှင် ‘ဝက်ခြေထောက်’ဟု မခေါ်ထိုက်တော့ချေ။

(TN : ‘ဝက်ခြေထောက်’ ဆိုတာ ‘အဓိကဇာတ်လိုက်’ ကို ပြောတာပါ။ Slang တစ်မျိုးပေါ့။)

ဒါပေါ့။ ဇာတ်လိုက်အတွက် နည်းလမ်းရှိသည်။ ခြူးမုယွင်က ဇာတ်လိုက်၏ ယဲ့ကျန့်ဟန်အားနှိမ်နှင်းရန် ကြိုးကြိုးစားစား နည်းလမ်းရှာဖွေခဲ့ပုံများကို စာလုံးရေသောင်းချီ ရေးသားခဲ့လေသည်။ သို့သော် လက်ရှိအချိန်မှာတော့ တခဏမျှသာ ပြန်စဉ်းစားလိုက်ရသည်။

မည်သို့ပင်ဆိုစေ ခြူးမုယွင်က ‘ဖေဖေကြီး’ မဟုတ်ပါလား။ သားတစ်ယောက်၏ နောက်ခံဇာတ်ကြောင်းကို သူ့ထက် မည်သူကများ ပိုသိနိုင်ဦးမည်နည်း။

ယဲ့ကျန့်ဟန်သည် ‘ဝါးမြိုဖျက်ဆီးခြင်း’စွမ်းရည်ကြောင့် ဂုဏ်သတင်းကျော်ဇောပါသော်လည်း သူ့ရဲ့နောက်ကြောင်းကိုတော့ မည်သူမျှမသိပါချေ။

သူ့က ရှို့လော်နယ်မြေတွင် မွေးဖွားလာပြီး သူ့ရဲ့ကံကြမ္မာသည် လင်းရွှမ်နှင့် အတိုင်းအတာတစ်ခုအထိ ဆင်တူပေ၏။

(TN : Etrans က အစပိုင်းတွေမှာ ရှို့လော်နယ်မြေလို့ သုံးလာပြီး အခုတော့ Asura လို့ပြောင်းသုံးပါမယ်တဲ့။ Etran က Meli ကို ပလေးနေတာ။ ဒါပေမဲ့ Asura ဆိုတာ နတ်ဆိုး၊ မကောင်းဆိုးဝါး၊ နတ်တစ်ပိုင်းလူတစ်ပိုင်း၊ စသည်ဖြင့် အမျိုးမျိုးယူဆလို့ရတာကြောင့် Meli ကတော့ သုံးလက်စအတိုင်းပဲ ဆက်သုံးသွားပါမယ်။ အားလုံးကို အသိပေးတာပါ။)

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now