65

4K 879 41
                                    

Unicode

အစောပိုင်း သားရဲများကိုဟန့်တားရန် ရောက်လာကြသော စစ်သည်များက အိပ်မက်သားရဲနှင့် တွေ့ခဲ့ဟန်တူသည်။

အမှန်တော့ အိပ်မက်သားရဲ၏ ပုံပန်းသွင်ပြင်သည် ဘောလုံးအကြီးစားလေးလို ချစ်စဖွယ်အတိ။ နှင်းသဖွယ် ဆွတ်ဆွတ်ဖြူနေသော အမွှေးများဖြင့် တစ်ကိုယ်လုံး ဖုံးလွှမ်းနေပြီး လှုပ်ရှားလိုက်တိုင်း ကြယ်ကြွေသလို အမှုန့်လေးများ ကျဆင်းလာတတ်သည်။ ထို့ကြောင့် သူလမ်းလျှောက်လျှင် မိုးသောက်ကြယ်ကဲ့သို့ ငွေရောင်အလင်းတန်းတစ်ခု ထင်ကျန်ရစ်ခဲ့၏။

အမှတ်တမဲ့ဆိုလျှင် မကောင်းဆိုးဝါးသားရဲထက် စိတ်ဝိဉာဉ်သားရဲတစ်ကောင်နှင့် ပိုတူသည်။ အန္တရာယ်ကင်းသလို အလွန်ချစ်စဖွယ်ကောင်းပြီး စိတ်ကူးယဉ်ဆနသော အသွင်အပြင်ကြောင့် မိန်းမငယ်လေးများသာ တွေ့မြင်ခဲ့လျှင် အိမ်ခေါ်မွေးမိမှာ သေချာပေါက်ပင်။

သို့သော် အနှီသားရဲသည် လူကြီးလူငယ်မရွေး ဒုက္ခပေးတတ်လွန်းသော မကောင်းဆိုးဝါးသားရဲစစ်စစ် ဖြစ်နေသည်။

ချစ်စဖွယ်အသွင်အပြင်မျိုး ရှိနေပါသော်လည်း ရုန့်ရင်းကြမ်းတမ်းသော အကျင့်စရိုက်မျိုးရှိ၏။ သူ့ရဲ့ငွေမှုန်လေးများဖြင့် ထိတွေ့မိသူတိုင်း စိတ်ဓာတ်ကြံ့ခိုင်မှုမရှိလျှင် ပုံရိပ်ယောင်လောကအတွင်း ကျရောက်သွားရလိမ့်မည်။

အိပ်မက်နယ်မြေဟူသည် ကျိန်းသေပေါက် သေမင်းထောင်ချောက်တစ်ခုပင်။ လူတော်တော်များများ အိပ်မက်နယ်မြေထဲမှာ ပြန်မထွက်လာနိုင်သလို အိပ်မက်အတွင်း သေဆုံးသွားခဲ့လျှင် ပြင်ပလောကမှာပါ သေဆုံးသွားရလိမ့်မည်။ ပြီးလျှင် အိပ်မက်သားရဲက ၎င်းတို့၏ဝိဉာဉ်ကို ချုပ်နှောင်ထားလိမ့်မည်။ လူစားမထိုးနိုင်သရွေ့ ပြန်လည်ဝင်စားနိုင်မည်မဟုတ်ပေ။

စိတ်ဓာတ်ခိုင်မာ၍ ငွေမှုန်ကလေးများကို ခုခံနိုင်ခဲ့လျှင်ပင် ၎င်းက ကနဦးအဆင့်မျှသာ ရှိသေး၏။ အိပ်မက်သားရဲ၏ ခန္ဓာကိုယ်ပေါ်မှ အဖြူရောင်သားမွှေးများကို ရှောင်တိမ်းနိုင်ရန် ခက်ခဲနေဆဲ၊ သူ၏စွမ်းရည်ကို ဖော်ထုတ်လာသည်နှင့် နတ်ဘုရားတစ်ပါးပင် ပုံရိပ်ယောင်လောကထဲ သက်ဆင်းရလိမ့်မည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now