28

5.4K 965 71
                                    

Unicode

ခြူးမုယွင် : “……….”

ထိုအခိုက်အတန့် ပျားရည်အိုင်လေး Zero ခမျာ သူအများကြီး ပြောလိုက်မိသလို ခံစားလိုက်ရသည်။ ထို့ကြောင့် ချက်ချင်းဆိုသလို သူပြောခဲ့သမျှကို မေ့ပစ်ရန် ရွေးချယ်လိုက်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။ ထို့နောက် ယခင်လေလံအတိုင်း ထပ်ပြောလိုက်သည်။

“ရေခဲဝိဉာဉ်သားရဲလေးက ကြီးမြတ်တဲ့ Host နဲ့ အတော်တူတာပဲ..!”

(သုန်သုန်လို့ ခေါ်မိလို့ ပြန်ချော့တာပါ။)

ခြူးမုယွင် : “…….. နောက်ကျသွားပြီ..”

Zero : QAQ

ခြူးမုယွင် : “ချစ်စရာကောင်းအောင် လုပ်ပြနေလည်း အသုံးမဝင်တော့ဘူး..”

Zero : …(vv)…

ခြူးမုယွင် : “………...”

Zero : e(┬﹏┬)3

တင်! Host ကို Crit Hit -100,000 ထိသွားပါပြီ။

HP နည်းသွားသော ခြူးမုယွင်မှာ ပြန်ပြောလိုက်သည်။

“ရိုးသားစမ်းပါ.. DOS 2.0 System လေးက ဘယ်ကနေ emoticons တွေအများကြီး Download ဆွဲလာတာလဲ..?”

(TN : Crit Hit နဲ့ HP ဆိုတာ Game အသုံးအနှုန်းပါ။)

Zero : “(*≧▽≦) System မှာ ပါလာပြီးသားလေ..”

ခြူးမုယွင် : “………..”
သူမှားတာ။ ငပြောင်လေးနဲ့ အတည်အတန့်တွေ မပြောခဲ့သင့်ဘူး။

လင်းသုန်သုန်.. ဘာနာမည်ပဲဖြစ်ဖြစ် ထားပါတော့၊ ရေခဲဝိဉာဉ်သားရဲက ခြူးမုယွင်နဲ့ ရုပ်ချင်းဆင်နေတာ တိုက်ဆိုင်တာတော့ လုံးဝမဖြစ်နိုင်ဘူး။

ရန်ချန်းက တက်တက်ကြွကြွဖြင့် ရေခဲဝိဉာဉ်သားရဲလေး၏ အရွယ်ရောက်လာမယ့်အရှိန်ကို မြှင့်တင်ပေးနိုင်အောင် ကူညီပေးနေကတည်းက သူ့မှာ အကြံအစည်တစ်ခုခု ရှိနေတယ်ဆိုတာကို ခြူးမုယွင်က သိနေခဲ့သည်။ သို့သော်လည်း ယခုလိုဖြစ်လာလိမ့်မယ်လို့ မထင်မှတ်ထားခဲ့ပေ။

ဝိဉာဉ်သားရဲများ၏ အသွင်ပြောင်းခြင်းကို ပြင်ပလွှမ်းမိုးမှုအရ အတိုင်းအတာတစ်ခုအထိ ဝင်စွက်ဖက်နိုင်သည်။ ဝိဉာဉ်သားရဲများမှာ လူသားမဟုတ်သလို သူတို့ရဲ့မူရင်းခန္ဓာကိုယ်မှာ သားရဲအတိုင်းသာ။ လူသားအသွင်သို့ ပြောင်းလဲနိုင်ခြင်းမှာ လူသားများစိုးမိုးသည့် ဤကမ္ဘာနှင့် လိုက်လျောညီထွေမှုရှိစေရန် သူတို့ကိုယ်သူတို့ ကာကွယ်ထားသည့် နည်းလမ်းတစ်ခုဖြစ်သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now