73

4.1K 807 17
                                    

Unicode

ရှန်ရွှိန်ယန်းခမျာ မလှုပ်နိုင်အောင် တောင့်ခဲသွားရသည်။

အသံလေးကြားလိုက်ရုံဖြင့် ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းနေသော သွေးများအားလုံး ပွက်ပွက်ဆူလာခဲ့ပြီး ဖော်ပြ၍မရသော အပူလုံးတစ်ခုသည် တစ်ကိုယ်လုံးအနှံ့ လှိုင်းလုံးကြီးပမာ တလိမ့်လိမ့် ထိုးတက်လာခဲ့လေ၏။

ဘာ… ဘာတွေဖြစ်နေတာလဲ..?

ရှန်ရွှိန်ယန်းက ခြူးမုယွင်ကို လှည့်ကြည့်လိုက်သည်။

ခြူးမုယွင်က ခေါင်းကိုငုံ့ကာ မျက်လွှာချလျက် စိတ်ခံစားချက်များ ဖုံးကွယ်ထားခဲ့သည်။ လျော့တိလျော့ရဲ ဆံနွယ်တချို့သည် ပါးပြင်ထက်တွင် ကပ်ငြိလျက်၊ ၎င်းတို့အောက်မှ ရှက်သွေးဖြာနေသော အရိပ်အယောင်တချို့ မြင်တွေ့နေရလေသည်။

ဖွဲ့နွဲ့စရာစကားလုံး ရှာမတွေ့လောက်အောင် အနှီမြင်ကွင်းက ညှို့ယူဖမ်းစားနိုင်ခဲ့သည်။ ရှန်ရွှိန်ယန်းမှာ အစမှအဆုံးတိုင် အကြည့်မလွှဲနိုင်ခဲ့ပေ။

ခြူးမုယွင်လည်း စိတ်ခိုင်ခိုင်ထားကာ သူ့ကိုယ်သူ မနည်းထိန်းချုပ်လိုက်ရသည်။

ရှဲ့ချင်းလန်က မလှုပ်ရှားခြင်းမဟုတ်၊ အချိန်ကောင်းကို စောင့်နေခဲ့ရုံသာ။ ခြူးမုယွင်၏ခန္ဓာကိုယ်ထဲမှ ‘ထိုအရာ’သည် ပြန်လည်နိုးထလာခဲ့ပြီး ခြူးမုယွင်ကို ကျီစားနေခဲ့ပြန်သည်။ သားရဲခန္ဓာကိုယ်က အလွန်စိတ်ကြွလွယ်တာကြောင့် အဆက်မပြတ် နှိုးဆွခံနေရသောအခါ စိတ်လွတ်လုနီးပါး ဖြစ်လာခဲ့ရခြင်းပင်။

ရှဲ့ချင်းလန်၏ မျက်ဝန်းထဲတွင် တပ်မက်ခြင်းအရိပ်အယောင်များ ထင်ထင်ရှားရှား ပေါ်လွင်နေပါ၏။ သို့တိုင် သဘောတူညီချက်ကို လိုက်နာနေဆဲ။

“ခေါင်းဆောင်..‌ စောစောစီးစီး အနားယူသင့်ပါပြီ.. ချင်းလန်ကို သွားခွင့်ပြုပါ..”

ရှဲ့ချင်းလန်က မတ်တပ်ထရပ်လိုက်ကာ ကို့ရို့ကားယားဖြစ်နေသော အခြေအနေကို ကူညီဖြေလျော့ပေးလိုက်သည်။

ရှန်ရွှိန်ယန်းလည်း အသိပြန်ဝင်လာပြီး ရှဲ့ချင်းလန်အား သတိထားစောင့်ကြည့်နေခဲ့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now