122

3.2K 705 100
                                    

Unicode

နှစ်ယောက်သား အကြည့်ချင်းစုံသွားသည်။ ခြူးမုယွင်က စကားပြောလိုခဲ့သော်လည်း လင်းရွှမ်က ရုတ်တရက် ခေါင်းငုံ့လိုက်ကာ သူ၏နှုတ်ခမ်းများကို ထိကပ်လာခဲ့လေ၏။

ဤတစ်ခေါက်တော့ ခြူးမုယွင်မှာ တကယ်ကြီး လန့်ဖြန့်သွားရသည်။ ဤလုပ်ရပ်က ခွေးဝံပုလွေလေး၏ အကျင့်နှင့် လုံးဝမကိုက်ညီပေ။ သူ့ကို ဖက်နမ်းတာထက် ကိုက်ခဲပစ်တာက လင်းရွှမ်၏စရိုက်နှင့် ပိုဆီလျော်သည်။

Zero လေး : “(/▽\=) ‘အမျက်ဒေါသ’ အရှင်ကြီး ဘာဖြစ်သွားတာလဲ..?”

ခြူးမုယွင် : “ငါလည်း သိချင်နေတာ..”

Zero : “နမ်းရုံပဲ နမ်းမှာလို့တော့ မပြောနဲ့နော်..”

ခြူးမုယွင် : “……….”

အပြင်မှာတော့ ခြူးမုယွင်သည် နည်းနည်းလေးမျှ မလှုပ်ရှားခဲ့ပါချေ။ လင်းရွှမ်ကိုသာ စိတ်ရှုပ်ထွေးနေသော မျက်ဝန်းများဖြင့် မော့ကြည့်နေမိ၏။

ခွေးဝံပုလွေလေးကသာ လက်ဦးမှုယူ၍ လျှာဖျားလေးဖြင့် ခြူးမုယွင်၏ နှုတ်ခမ်းနှစ်လွှာကို အသာအယာ တို့ထိလာခဲ့သည်။ တစ်စုံတစ်ရာကို မဝံ့မရဲလေး မြည်းစမ်းနေသလို၊ သူ့ရဲ့လှုပ်ရှားမှုက အလွန်ညင်သာလှ၏။ အထိအတွေ့က နှစ်လိုဖွယ်ကောင်းစွာ နူးညံ့လွန်းပေသည်။ အနူးညံ့ဆုံးသော သားမွေးခြုံထည်ပမာ တစ်ဖက်လူအား အသည်းယားလာအောင် ပြုစားနိုင်စွမ်းရှိသည်။

ခြူးမုယွင်က ပါးစပ်အသာဟလိုက်သည်။ ထိုလုပ်ရပ်က အနှီခွေးဝံပုလွေလေးအား လမ်းပြလိုက်သည့်နှယ်၊ ခြူးမုယွင်၏ ခံတွင်းထဲသို့ ရုတ်ချည်း ကျူးကျော်ဝင်ရောက်လာပြီး လျှာဖျားလေးများ ထိစပ်သွားတော့၏။

လျှာဖျားနှစ်ခု ဆုံတွေ့ချိန်ဝယ်...

နှစ်ယောက်လုံး မသိမသာလေး တောင့်တင်းသွားခဲ့သည်။

သံလိုက်အချင်းချင်း ဆွဲညှို့နေသည့်အလား အနှီခံစားချက်သည် အလွန်စွဲမက်ဖွယ်ကောင်းလွန်းခဲ့ပါ၏။ ထိုနည်းတူ တိုးထွက်လာသော သာယာစိတ်အဟုန်ကြောင့် နှစ်ဦးသား နောက်ပြန်ဆုတ်ရန် တုံ့ဆိုင်းနေမိတော့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now