157

2.6K 621 44
                                    

Unicode

ခြူးမုယွင်၏အခြေအနေက အတော်လေး ဆိုးဝါးနေလေသည်။

ကျွင်းမော့သည် ခြူးမုယွင်အား ဝေဒနာသက်သာစေလိုသည့် စိတ်ဆန္ဒအရသာ ပွေ့ဖက်ထားခဲ့သော်လည်း ယခုတော့ အရာအားလုံး ပြောင်းလဲသွားချေ၏။ အနမ်းများဟာ အေးစက်ပေါ့ပါးခြင်း အလျင်းမရှိတာ့။ ဖြူဖျော့ဖျော့ နှုတ်ခမ်းသားများ သွေးရောင်လွှမ်းလာသောအခါ သူ့ရဲ့မျက်နှာလေးက အလွန်ကြည့်ကောင်းနေတော့သည်။

ကျွင်းမော့သည် ပြီးပြည့်စုံသော ခန္ဓာကိုယ်အချိုးအစားဖြင့် မွေးဖွားလာပါသော်လည်း ‘ကောင်းကင်ကပ်ဘေး’ခန္ဓာကိုယ်ကြောင့် နှစ်ထောင်ပေါင်းများစွာ အသက်ရှင်ခဲ့သည့်တိုင် ဆယ်ကျော်သက်အသွင်သာ ရှိနေသေးသည်။ သို့သော် ထိုမျက်နှာလေးကြောင့် ကျွင်းမော့အား တကယ့်ဆယ်ကျော်သက်လေးအဖြစ် သတ်မှတ်မရပါချေ။

သူ၏သက်ဆိုးရှည်နေသော ဘဝအခြေအနေကြောင့် အလွန်အားကောင်းသော စိတ်ဓာတ်ခွန်အားမျိုး ပိုင်ဆိုင်လာရ၏။

သာမာန်လူသားတို့ တွေးပင်မတွေးဝံ့သည့် မည်သည့်နာကျင်မှုမျိုးမဆို၊ မည်သည့်စိတ်ပျက်အားငယ်ဖွယ် အခြေအနေအမျိုးမဆို၊ ကျွင်းမော့သည် တည်တည်ငြိမ်ငြိမ်ဖြင့် ကျော်ဖြတ်နိုင်လာသည်။ ဤကမ္ဘာလောကမှ တခြားလူများ၏ မည်သို့သော ဆွဲဆောင်မှုမျိုးမဆို အသာလေး တွန်လှန်နိုင်ခဲ့သည်ချည်း။

သို့နှင့် ဤမျှအားကောင်းလွန်းသော စိတ်ဓာတ်ခွန်အားသည် သူ့ဘဝ၏အရင်းအမြစ် ဖြစ်လာခဲ့သည်။ သို့သော်…

ယခုတော့ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားခဲ့ချေပြီ။

‌ကောင်းသလား၊ ဆိုးသလား ဝေခွဲမရပါသော်လည်း ဤအပြောင်းအလဲက အရောင်မဲ့နေသည့် သူ့ရဲ့ဘဝလေးကို အရောင်အသွေး စုံလင်လာစေ၏။ သို့ဖြစ်ရာ အလွန်ဆိုးဝါးသည့် အပြောင်းအလဲဖြစ်နေလျှင်ပင် ကြိုဆိုနေမိဦးမည်ပင်။

သူ့ရဲ့ဘဝလေး ယခင်အတိုင်း ပြန်ဖြစ်သွားသည်နှင့် ထိုအရာကို ဆုံးရှုံးကောင်းဆုံးရှုံးရနိုင်သည်။ သို့သော် လက်ဝယ်ပိုင်ဆိုင်နိုင်သရွေ့ ကျွင်းမော့က လက်မလွှတ်ချင်ခဲ့ပေ။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now