160

2.6K 597 24
                                    

Unicode

TN : စစချင်း Note ထည့်ရတာ အားနာပါတယ်။ ဒါပေမဲ့ အောက်ကစာပိုဒ်တွေကို သေသေချာချာ ဖတ်ပေးဖို့ ပြောချင်ပါတယ်။ သူ့ရဲ့ Timeline နဲ့ Plot ကို နားမလည်မှာ စိုးလို့ပါ။

***

"တံခါး..?" ခြူးမုယွင်က ပြန်မေးသည်။

မြေခွေးလေးက အချိန်ယူကာ ပြန်တွေးကြည့်လိုက်ရင်း.. "ကျွန်တော်ထင်တာတော့ ဂိတ်ပေါက်လိုမျိုး ဖြစ်မယ်ထင်တယ်.."

ထိုစကားကြောင့် ခြူးမုယွင် ရုတ်ချည်း သတိရသွားသည်။

အသက်တံခါး ထွက်ပေါ်လာတော့မှာများလား..?

အချိန်ကိုတွက်ကြည့်ရင် ဒီအချိန်လောက်ပဲ..!

နယ်ခြားစည်းတိုက်ပွဲ အဆုံးသတ်ခါနီးပြီဖြစ်သည်။ အသက်တံခါး ထွက်ပေါ်လာပြီးနောက် လောကတစ်ခုလုံး ကသောင်းကနင်း ဖြစ်ကုန်သည်။ ထို့နောက်တွင်မူ အသက်တံခါးကို ဖိနှိပ်ရန် နတ်ဆိုးအရှင်ခုနစ်ပါး လက်တွဲပူးပေါင်းခဲ့ပြီး နတ်ဆိုးတိုင်းပြည်ခေတ် စတင်လာတော့၏။

ခြူးမုယွင် စိတ်အပူရဆုံးအချက်သည် အသက်တံခါးပေါ်ထွက်လာပြီး နှောင်းပိုင်းကိစ္စများပင်။

နှစ်သုံးထောင်ကြာပြီးနောက် အသက်တံခါးသည် 'မနာလိုခြင်း' အရှင်သခင် ရန်ချန်း၏ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်။ ရန်ချန်းသည် နတ်ဘုရားအဆင့်သားရဲဖြစ်သော မဟူရာည၏ စွမ်းအားများဖြင့် အသက်တံခါးကို ဖိနှိပ်ထားနိုင်ခဲ့ပြီး နှစ်သုံးထောင်မတိုင်ခင်ကတော့ အသက်တံခါး၏ပိုင်ရှင်သည် ရန်ချန်းမဟုတ်ခဲ့ချေ။

ဒါဆို ဘယ်သူလဲ..?

ခြူးမုယွင်တစ်ယောက် ဇီးပန်းရောင်ဝါတောင်ပေါ်မှ အဖြစ်အပျက်များကို သတိရသွား၏။ အသက်တံခါး ရုတ်တရက် ပွင့်ဟသွားပြီး ရှန်ရွှိန်ယန်း ပေါ်ထွက်လာကာ ရေခဲဝိဉာဉ်သားရဲဖြစ်နေသော 'ခြူးမုယွင်'ကို ဆွဲသွင်းခဲ့သည်။ သို့နှင့် ခြူးမုယွင်မှာ နယ်ခြားစည်းတိုက်ပွဲ အစပြုသည့် လွန်ခဲ့သောနှစ်ပေါင်း ၄၀၀၀ ကျော်သို့ ပြန်ရောက်သွားရသည်။

အလှည့်အပြောင်း၊ အချိုးအကွေ့များစွာ ကျော်ဖြတ်ခဲ့ပြီးနောက် အသက်တံခါး ထပ်မံပေါ်ထွက်လာတော့မည်ဖြစ်သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now