16

5.8K 1.1K 34
                                    

Unicode

အချိန်ရပ်တန့်သွားပြီဟုပင် ထင်မှတ်ရသည်။

ရန်ချန်းက စိတ်ရှည်သလောက် ခြူးမုယွင်က နာကျင်စွာ ရုန်းကန်နေဆဲ။

သူ့ရဲ့ခန္ဓာကိုယ်က လှုပ်ရှားမှုမရှိသော်လည်း လက်ချောင်းများကမူ ကွေးကောက်နေလေ၏။ တောက်ပသည့်မျက်ဝန်းများ၌ မြောက်များလှစွာသော ခံစားချက်များကား ရောထွေးလျက်…

မသိစိတ်အရ နှုတ်ခမ်းကိုကိုက်ရင်း ရန်ချန်း၏လက်ကို ဖယ်ထုတ်ပစ်ချင်ပြီး ထွက်သွားချင်မိသည်။ ထိုခံစားချက်များကြောင့် ခြူးမုယွင်၏စိတ်ထဲ၌ လေးကြိုးဆွဲထားရသလို တင်းမာနေခဲ့သည်။ မြှားတံလေးကိုသာ တခနတင်းအတွင်း မပစ်လွှတ်နိုင်ခဲ့လျှင် လေးကြိုးတစ်ခုလုံး ပျက်ဆီးသွားရတော့မလို ခံစားနေခဲ့ရသည်။

ခြူးမုယွင်ကို တစိမ့်စိမ့်ကြည့်ရင်း ရန်ချန်းတစ်ယောက် ပို၍ပင် စိတ်လှုပ်ရှားလာခဲ့တော့၏။ တောက်ပရွှန်းလဲ့နေသည့် ခရမ်းရောင်မျက်ဝန်းအိမ်အတွင်း ခန့်ညားထည်ဝါမှုများက ရစ်ဝဲလျက်၊ အေးစက်စက်လေသံအတွင်း နွေးထွေးမှုလေးများ ရောယှက်ပါဝင်လာခဲ့သည်။ အက်ကွဲနေသော်ငြား နွေးထွေးလွန်းလှသည်။ ထို့အပြင် တွယ်တာမှုများလည်း ပါဝင်နေလေသည်။

“အဲ့တာဆို ပြောကြည့်.. ဘာလို့ ကိုယ့်ရဲ့ဆရာတူအစ်ကိုကို အဝေးခေါ်ထုတ်ခိုင်းရတာလဲ..?”

ထိုသို့မေးလိုက်သည်နှင့် ခြူးမုယွင်၏စိတ်ထဲ၌ ရေအေးကန်ထဲမှ ဆွဲထုတ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံး တသိမ့်သိမ့်တုန်ယင်သွားရသလို ခပ်မြန်မြန် ပြန်ဖြေလိုက်သည်။

“ခင်ဗျားသိစရာမလိုဘူး..!”

ခြူးမုယွင် မပြောပြချင်မှန်း ရန်ချန်းက သိနေခဲ့ပြီးသားပင်။ သို့သော်လည်း ကိစ္စမရှိပါ။ သူသာသိချင်လျှင် စုံစမ်းကြည့်ရန်မခက်ပေ။

သို့သော်လည်း ရန်ချန်းက ခြူးမုယွင်ကို စိတ်သက်သာစေချင်သည်။

“ရှောင်ယွင်.. တစ်စုံတစ်ယောက်ဆီက အကူအညီတောင်းချင်ရင် အကုန်လုံးရှင်းပြရမယ်မဟုတ်ဘူးလား..?”

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now