123

3.1K 684 18
                                    

Unicode

‘တဏှာရာဂသည် လူကို အသိဉာဏ်မဲ့စေ၏’ ဟူသော ရှေးဆိုရိုးတစ်ခု ရှိပါသည်။

ဆရာခြူးသည်လည်း အနှီဆိုရိုးစကားမှ မလွတ်မြောက်နိုင်ခဲ့ပေ။ လင်းရွှမ်နှင့်အတူ လိုဏ်ဂူငယ်အတွင်း တစ်လနီးပါးခန့် အချိန်ဖြုန်းပြီးခါမှ ထောင်ချောက်ရှိနေသည်ကို သတိပြုမိခဲ့သည်။

ဤလိုဏ်ဂူက အဘယ်သို့ ရိုးရှင်းနိုင်ပါမည်နည်း။ ထိုထောင်ချောက်ကား သဘာဝမြေပြင်အနေအထား၊ အရင်းအမြစ်များကို အသုံးပြု၍ သိမ်မွေ့နက်နဲသော ဖွဲ့စည်းပုံဖြင့် ကြောက်မက်ဖွယ်ရာ အစီအရင်ကြီးတစ်ခု တည်ဆောက်ထားခြင်းပင်။

ဂူခေါင်းမိုးပေါ်မှ ရေခဲကျောက်များသည် အခန်းအလယ်တည့်တည့်မှ ရေခဲပြာရောင် ကျောက်သားခုတင်ကြီးနှင့် အချင်းချင်း အထောက်အပံ့ပြုနေသည်။ အစီအရင်ကို ကြမ်းပြင်ပေါ်၌ အဓိပ္ပါယ်ဝှက်နည်းဖြင့် ရေးဆွဲထားခြင်းဖြစ်ပြီး ထိုသို့ရေးဆွဲနိုင်ရန်အတွက် ကျင့်ကြံဆင့် အလွန်မြင့်မားရန် လိုအပ်ပေသည်။ အစီအရင်တစ်ခုလုံးသည် သဘာဝမြေပြင်အနေအထားပေါ်သာ မူတည်နေပြီး တခြားမည်သည့် အထောက်အကူပစ္စည်းကိုမျှ အသုံးပြုထားခြင်းမရှိပေ။ လေဟာပြင်၊ ရေခဲကျောက်များနှင့် မြေပြင်အနေအထားတို့ ဟန်ချက်ညီညီ ပေါင်းစည်း၍ အစီအရင်ကို ပြီးပြည့်စုံစေခဲ့သည်။ ထိုပေါင်းစပ်မှုထဲ၌…...

လင်းရွှမ်သည်လည်း ပါဝင်နေခဲ့လေသည်။

ပါဝင်ပစ္စည်းများ၏ ပေါင်းစပ်ပုံကြောင့် အစီအရင်သည် မျက်စိရှေ့တင် ကွယ်ပျောက်နေသလို၊ ၎င်းကို အသက်မသွင်းသရွေ့ အစီအရင်၏ဖွဲ့စည်းပုံကို ဘယ်သောအခါမှ မြင်နိုင်မည်မဟုတ်ပေ။ ထိုအချက်များကြောင့် စွန့်ပစ်ကုန်းမြေတွင် တစ်လလုံးလုံး လျှောက်သွားနေသည့်တိုင် လိုဏ်ဂူဝင်ပေါက်ကို ခြူးမုယွင်တစ်ယောက် မမြင်ခဲ့ရခြင်းဖြစ်သည်။

ဤလိုဏ်ဂူသည် ပြင်ပလောကနှင့် အဆက်အစပ်မရှိပါပဲ ကိုယ်ပိုင်ကမ္ဘာငယ်လေးတစ်ခုနှယ် သီးခြားတည်ရှိနေပြီး သဘာဝစွမ်းအင်များ ပြန်လည်ဖြည့်တင်းရန် လိုအပ်လာမှသာ ဝင်ပေါက် ပေါ်လာတတ်လေ၏။ ခြူးမုယွင်က ထိုကာလတွင် အချိန်ကိုက် ရောက်ရှိသွားသဖြင့် ဝင်လာနိုင်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now