41

4.8K 962 75
                                    

Unicode

“ရပါတယ်.. ခံစားလို့ကောင်းတယ်..”

သားရဲလူသားလေး၏ စကားပြောဟန်သည် အနည်းငယ် မူမမှန်ဖြစ်နေခဲ့၏။

မော့ကျိုးရှောင်ပင် တခနမျှ မှင်သက်သွားခဲ့သည်။ သို့သော် အချိန်တိုအတွင်း နားလည်သွားခဲ့သည်။ ရန်ချန်း၏စရိုက်ကို နားလည်ထားသည့် အားလျော်စွာ သူ့အကြံအစည်များကိုလည်း နားလည်နေ၏။ ထို့ကြောင့်ပင် ဖြစ်ပျက်သမျှအလုံးစုံကို အဖြေရှာရန် မော့ကျိုးရှောင်အတွက် မခက်ခဲခဲ့ပေ။

မော့ကျိုးရှောင်က ပြုံးလိုက်သည်။ ထို့နောက် နူးညံ့သိမ်မွေ့စွာ စကားဆိုလိုက်၏။

“လိမ္မာလိုက်တဲ့ကလေး..”

မော့ကျိုးရှောင်က ချီးမွမ်းလိုက်ပါသော်လည်း သားရဲလေးသည် ချီးမွမ်းစကားအတွက် ကျေနပ်ဝမ်းသာပုံမပေါ်၊ ထိုအစား ရန်ချန်းကိုသာ စူးစိုက်ကြည့်နေခဲ့သည်။ ကြည်လင်သော မျက်ဝန်းများထဲဝယ် မျှော်လင့်ခြင်းများ၊ စိုးရိမ်ပူပန်ခြင်းများ ပေါ်လွင်နေလေ၏။ သူကိုယ်တိုင်ပင် မည်သို့သောအဖြေမျိုး ကြားချင်နေမိမှန်း မသိတော့သည့်နှယ်။

တချိန်လုံး အမူအယာကင်းမဲ့နေခဲ့သော မနာလိုခြင်းအရှင်သည် နောက်ဆုံးတော့ နှုတ်ခမ်းများကို ကွေးညွတ်လိုက်ကာ အပြုံးတစ်ခု ဖော်ပြလာခဲ့သည်။ သို့သော် သူ့ပါးစပ်မှထွက်ပေါ်လာသော စကားလုံးများမှာ ဘာအဓိပ္ပါယ်မှမပါသလိုဖြင့် ထေ့ငေါ့နေခြင်းဖြစ်သည်။

“ခံစားလို့ကောင်းရင် ဆက်လုပ်ကြလေ..”

သားရဲလူသားလေး၏ မျက်ဝန်းများမှာ အံ့ဩမှင်သက်မှုကြောင့် ပြူးကျယ်သွားရသည်။

ရန်ချန်းက သားရဲလေးအနားသို့ လျှောက်သွားကာ လည်ပင်းအနောက်ကို လက်ဖြင့်ထိန်းပွေ့လိုက်၏။ သူတို့နှစ်ဦး၏ အကွာအဝေးသည် တစ်ဦး၏အသက်ရှူငွေ့ကို ကျန်တစ်ဦးက ခံစားမိသည်အထိ နီးကပ်နေခဲ့သည်။ နမ်းရှိုက်တော့မည့်ဟန် ထင်မှတ်ရပါသော်လည်း အစမှအဆုံးတိုင် သူတို့နှစ်ဦးကြားတွင် မနီးလွန်းမဝေးလွန်းသော အကွာအဝေးတစ်ခု ကွာခြားနေခဲ့သည်။ သူတို့၏နှလုံးသားများကဲ့သို့ပင်၊ ဘယ်သောအခါမှ နီးစပ်နိုင်မည်မဟုတ်ပေ။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now