74

4.2K 830 13
                                    

Unicode

Zero လေး မြင်နေရသလောက်တော့ လောဘအရှင်၏ ခြူးမုယွင်အပေါ် စိတ်ခံစားချက်တိုင်းသည် အတုအယောင်မဟုတ်။ ပြင်းထန်လွန်းသော လိုအပ်ဆန္ဒ၊ အရိုးထိတိုင် စွဲကပ်နေပါသော ချစ်ခြင်းတရားများနှင့် မချုပ်တည်းနိုင်သော အပိုင်စီးလိုစိတ်၊ ၎င်းတို့သည် ပေါက်ထွက်လုမတတ်၊ ကန့်သတ်မှတ်သို့ပင် ရောက်နေခဲ့ချေပြီ။

ဒါပေမဲ့ ဘာကြောင့်မီးမလင်းသေးတာလဲ..?

Zero လေးခမျာ စတင်မေးခွန်းထုတ်တော့သည်။

“xxoo တွေ ဒေါင်းတာများသွားလို့ System ဗိုင်းရပ်ကိုက်သွားတာများလား.. QAQ!!!”

(TN : xxoo ဆိုတာ ဆင်းရဲသားကားတွေကို ပြောတာပါ။ ဆင်းရဲသားကားလို့ ဘာလို့ပြောသလဲဆိုတော့ အဝတ်အစားမပါလို့။ :D)

ခြူးမုယွင် : “…….”

Zero လေးတစ်ယောက် ဂနာမငြိမ်ဖြစ်နေခဲ့သည်။

“Host ကိုကူညီချင်လို့ ဒေါင်းခဲ့ရတာလေ၊ တာဝန်အရ လုပ်ခဲ့တာကို၊ ဘာလို့ဒီလိုတွေ ဖြစ်နေရတာလဲလို့ QAQ!!!”

ငိုကြွေးနေသော Emoji နှစ်ခုကို အေးဆေးတည်ငြိမ်စွာ လက်ခံရရှိပြီးနောက် ခြူးမုယွင်က Zero လေးထံ ‘ခေါင်းပုတ်ပေးသည့် Emoji’ ပြန်ပို့ပေးလိုက်သည်။

“မစိုးရိမ်ပါနဲ့.. ငါ့ရဲ့ System လေး ပုံမှန်အတိုင်း run နေတုန်းပဲ..”

မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ‘နေ’ပြန်ထွက်လာသလို Zero လေးလည်း စိတ်ပေါ့ပါးသွားပြီး..

“တကယ်လားဟင်..?”

ခြူးမုယွင်က လေးနက်စွာဖြင့်..

“DOS Version ကို Virus တစ်ကောင်တောင် ဝင်ဖို့မလွယ်ဘူး..”

(TN : version နိမ့်တယ်ဆိုပြီး နှိမ်တာ။)

Zero : “……….”

ခြူးမုယွင် : “တိတ်တိတ်..”

DOS 3.0 လေး : ‘အော်ငိုနေသော Emoji’

အဟမ်း.. အနည်းဆုံးတော့ ဒီသဘာဝရဲ့ကပ်ဘေးလေးကို အနိုင်ကျင့်လို့ ရနေတုန်းပဲ..!

ခြူးမုယွင်လည်း အနည်းငယ် စိတ်ကြည်လင်လာခဲ့သည်။ ရှန်ရွှိန်ယန်း၏ ပုံတူပန်းချီကား မီးမလင်းသေးမှန်း ပြေးကြည့်စရာမလို၊ Zero လေး မသိပါသော်လည်း ခြူးမုယွင်ကတော့ ရှင်းရှင်းလင်းလင်း သိနေသည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now