69

5.7K 884 67
                                    

Unicode

ခြူးမုယွင်မှာ ထိုတစ်ညလုံးလုံး သာယာမှုနွံထဲ နစ်မြုပ်နေခဲ့တော့သည်။ ပထမတစ်ဝက်ခန့်က အသိစိတ်ရှိနေပါသော်လည်း နောက်ပိုင်းတွင် ခန္ဓာကိုယ်၏ အလိုလိုတုံ့ပြန်မှု၊ စိတ်ဆန္ဒ၏ ဆွဲခေါ်ရာနောက်သို့ ယစ်မူးရီဝေစွာ မျောပါသွားခဲ့ရသည်။

ရှဲ့ချင်းလန်သည်လည်း သားရဲကြီးတစ်ကောင်အလား။

တစ်ညလုံး တစ်ချီပြီးတစ်ချီ မပြတ်တမ်းလှုပ်ရှားလျက် ‘အလိုရမ္မက်’၏ဗီဇကို အစွမ်းကုန် ဖော်ထုတ်ပြနေခဲ့၏။

ထပ်ပြီးမထုတ်လွှတ်နိုင်အောင် ခန်းခြောက်လုမတတ်ပဲ၊ မျိုးမစစ်လေး.. Limit ကို မသိဘူး..!

နောက်တစ်ရက် သူနိုးလာသည့်အချိန်တွင် ပင်ပန်းနွမ်းနွယ်မှုဟူ၍ တစ်စွန်းတစပင်မရှိ။ ကျင့်ကြံဆင့်မြင့်မားသောကြောင့် ဤလေ့ကျင့်ခန်းပမာဏက ခြူးမုယွင်အတွက်တော့ ဘာမှမဟုတ်ချေ။ ထို့အပြင် သားရဲခန္ဓာကိုယ်က ပိတ်လှောင်ထားသော လိုအပ်ဆန္ဒတွေအကုန် ထုတ်လွှတ်နိုင်လိုက်တာကြောင့် ပေါ့ပါးလန်းဆန်းနေတော့၏။

လက်ရှိအခြေအနေကတော့…. HaHa..!

အိပ်ရာထဲတွင် အားနည်းပျော့ညံ့သောဟန်ပန်ဖြင့် လဲလျောင်းနေရသည်က ခြူးမုယွင်၏ Style မဟုတ်ပေ။ မှောင်ရီပျိုးပြအချိန်တွင် အိပ်ရာထက်မှ အသာအယာ ထလိုက်သည်။ လှုပ်ရှားလိုက်တိုင်း နောက်ကျောဘက် ကြွက်သားများက ထင်းခနဲ၊ လှပလွန်းသော ခန္ဓာကိုယ်အချိုးအစားက လူတိုင်းကို ထိတွေ့ပွတ်သပ်ချင်စိတ် အုံ့ကြွလာစေ၏။

အုံးတား*ကိုကျောမှီလျက် မှေးစက်နေသော ရှဲ့ချင်းလန်သည်လည်း မျက်လုံးပွင့်လာခဲ့ပြီး ခြူးမုယွင်၏အလှတရားကို တစိမ့်စိမ့် ခံစားနေခဲ့သည်။

(TN : အုံးတား* ဆိုတာ ခုတင်ခေါင်းရင်းဘောင်ကို ဆိုလိုတာပါ။)

“ကိုယ့်ရဲ့အရှင်သခင်လေးက တကယ့်ကို သွေးအေးရက်စက်လွန်းတယ်ကွာ..”

ခြူးမုယွင်က လှည့်ပင်မကြည့်ချေ။ မျက်နှာသေဖြင့် အင်္ကျီအသစ်တစ်စုံ လှဲလှယ်နေခဲ့သည်။

ရှဲ့ချင်းလန်၏ နှုတ်ခမ်းထက်ဝယ် အပြုံးဖျော့ဖျော့လေးတစ်ခု ထင်ဟပ်လာခဲ့သည်။ ပြီးနောက် ခြေတံရှည်များကို ဆန့်ထုတ်လျက် အိပ်ရာထက်မှ ကိုယ်လုံးတီး ဆင်းသက်လာခဲ့၏။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now