86

3.9K 874 51
                                    

Unicode

သူ့ရှေ့မှာ ရှိနေတဲ့တစ်ယောက် ဘာမှမသိသေးမှန်း မော့ကျိုးရှောင် သိလိုက်သည်။

ထိုသို့ဖြစ်မည်မှာ ဧကန်မလွဲပင်။

နတ်ဆိုးနယ်မြေမှ လူအများစုပင်လျှင် ရှဲ့ချင်းလန်၌ မိစ္ဆာသားရဲသုံးကောင်ရှိပြီး နွေဦးသားရဲသည် ပုံသဏ္ဍာန်အမျိုးမျိုး ပြောင်းလဲနိုင်သလို လူတွေကို ညှို့ယူဖမ်းစားနိုင်မှန်း သိကြပါသော်လည်း ကပ်ပါးပိုးတစ်ကောင်လို လက်ခံကိုယ်ကို တွယ်ကပ်နေတတ်မှန်း သိပ်မသိကြပေ။

ထို့ကြောင့် ရှန်ရွှိန်ယန်းမှာ ကျင့်ကြံဆင့်မြင့်မားသည့်တိုင် နတ်ဆိုးနယ်မြေနှင့် အလှမ်းဝေးသောကြောင့် ထိုအကြောင်းများ မသိသည်မှာ အံ့ဩစရာမရှိပါ။

တစ်ဖက်မှာလည်း မော့ကျိုးရှောင်၏ စကားကြောင့် ရှန်ရွှိန်ယန်းက မျက်မှောင်ကြုတ်သွားသည်။

“ဘာတွေလဲ..?”

သို့သော်လည်း သေချာတာပေါ့။ တခနအတွင်းမှာပင် ရှဲ့ချင်းလန် တစ်ခုခုလုပ်ခဲ့မှန်း သဘောပေါက်လိုက်သည်။

မော့ကျိုးရှောင်က သက်ပြင်းချကာ ဖြေးဖြေးချင်း ပြောပြသည်။

“ရှဲ့ချင်းလန်က နွေဦးသားရဲကို ဒီလူကြီးမင်းရဲ့ ခန္ဓာကိုယ်ထဲ ထည့်သွားခဲ့တာပဲ.. နွေဦးသားရဲက လက်ခံကိုယ်ကို ရမ္မက်စိတ်တွေ ဖြစ်ပေါ်စေတယ်.. သူ့သခင်ကိုပဲ တုံ့ပြန်တတ်တာဆိုတော့ ရှဲ့ချင်းလန်မှမဟုတ်ရင် တခြားဘယ်သူမှ လက်ခံကိုယ်ကို စိတ်ကျေနပ်စေမှာမဟုတ်ဘူး..”

ရှန်ရွှိန်ယန်းမှာ တောင့်ခဲသွားတော့သည်။

မော့ကျိုးရှောင်က ‘ရှန်ယွင်’ကို လှည့်ကြည့်ကာ ပြောသည်။

“ခန္ဓာကိုယ်ထဲ ကပ်ပါးကောင် ဝင်နေတာတောင် အခုချိန်ထိ တောင့်ခံနိုင်သေးတာ အံ့ဩစရာပဲ.. သာမာန်လူသာဆို ရူးသွားလောက်ပြီ..”

ထိုစကားလုံးများသည် ရှန်ရွှိန်ယန်း၏နားထဲ တရစ်ရစ်ဝဲလည်လျက်။

“ခင်ဗျားပြောချင်တာ ရှဲ့ချင်းလန် ဒီကောင်…….”

မော့ကျိုးရှောင်သည် အတော်ကြာ တိတ်ဆိတ်သွားပြီးမှ ဆက်ပြောပြလာ၏။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now