Xie Qian Lan

2.1K 271 4
                                    

Unicode

အမည် - ရှဲ့ချင်းလန်

ဘွဲ့အမည် - တဏှာရမ္မက် အရှင်သခင်

နေရပ် - ပုံရိပ်ယောင်နန်းတော်။ မရဏနယ်မြေ၏ တောင်ဘက်တံခါး။

ကျွမ်းကျင်မှု - ပုံရိပ်ယောင်ဖန်တီးခြင်းအတတ်။ ညှို့ယူဖမ်းစားခြင်း။ အသည်းခွဲခြင်း။

ပုံပန်းသွင်ပြင် - အမြွှာညီအစ်ကိုတွေဖြစ်တာကြောင့် မာနအရှင်သခင် မော့ကျိုးရှောင်နဲ့ ချွတ်စွပ်တူပါတယ်။ ဒါပေမဲ့ အနီရောင်ဝတ်ရုံရှည်ကိုပဲ အမြဲတစေ ဝတ်စားတတ်ပါတယ်။

***

နတ်ဆိုးတိုင်းပြည်၏ အရှင်ခုနစ်ပါးအနက် တစ်ပါးအပါအဝင်ဖြစ်သော ရှဲ့ချင်းလန်။ တဏှာရမ္မက်ကို ကိုယ်စားပြု၏။

ဆံနွယ်ရှည်များက ခါးအထိဖြာကျနေပြီး အများအားဖြင့် အနီရောင်ဝတ်စုံကိုသာ ဝတ်ဆင်တတ်သည်။ incubus ကဲ့သို့ ချောမောခန့်ညားလွန်းသော ရုပ်ရည်က ယောက်ျား၊ မိန်းမ,မရွေး ညှို့ယူဖမ်းစားနိုင်၏။ ထိုအမျိုးသား၏ရုပ်ရည်က အစွမ်းကြီးလက်နက်တစ်ခုဖြစ်ပြီး လူအများ၏စိတ်ကို ဆွဲညှို့နိုင်ပြီး စိတ်ဓာတ်ကြံခိုင်မှုမရှိလျှင် ထိုအမျိုးသား၏ ခြေဖဝါးအောက် ဒူးထောက်သွားရလိမ့်မည်။

သူ၏အကျင့်စရိုက်က တည်ငြိမ်မှုမရှိပေ၊ ကျက်သရေရှိပြီး ညှို့ဓာတ်ပြင်းပြင်း အိန္ဒြေရှင်လေးမှ ထိန်းမနိုင်သိမ်းမနိုင်အောင် တဇွတ်ထိုးဆန်သော ခပ်ဆိုးဆိုးပုံစံလေးအဖြစ် အချိန်မရွေး ပြောင်းလဲတတ်သည်။ သို့သော် အမှန်ပင် စွမ်းအားကြီးသည်။ တိရစ္ဆာန်ပေါက်စလေးများ သေဆုံးတာမြင်လျှင် ဝမ်းနည်းငိုကြွေးသလို တစ်ဖက်မှာလည်း မြို့တစ်ခုလုံးကိုပင် မျက်တောင်မခတ်တမ်း သုတ်သင်ရှင်းလင်းတတ်ပြန်သည်။

သူ့ရဲ့စရိုက်က အလွန်ထူးဆန်းသလို အမြဲတစေ ပြောင်းလဲနေတတ်ပြီး တစ်ခါမှ မချစ်ဖူးပါသော်လည်း အချစ်ကို ကောင်းကောင်း အသုံးချတတ်သည်။ သူ့ရဲ့အလှတရားကြောင့် ချဉ်းကပ်လာသူတိုင်း၏အချစ်ကို ပြန်လည်တုံ့ပြန်တတ်ပြီး အဆုံးတွင် ရက်ရက်စက်စက် သစ္စာဖောက်ပစ်တတ်သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now