143

2.7K 657 38
                                    

Unicode

ဝိဉာဉ်လမ်းပြမြက်မရှိတော့တာကြောင့် ရုပ်သေးအစီအရင်လည်း ချက်ချင်း ပျက်ပြယ်သွားခဲ့၏။ တစ်လနီးပါးခန့် အသေကောင်လို လဲလျောင်းနေသော လင်းစုယွင်သည်လည်း နောက်ဆုံးတော့ အသက်ဓာတ်ကုန်ဆုံးကာ လုံးဝသေဆုံးသွားတော့သည်။

အစားထိုးခန္ဓာကိုယ် သေဆုံးသွားသည်နှင့် အစားထိုးအစီအရင်လည်း ပျက်စီးသွားပြီး အရာအားလုံး ဖရိုဖရဲဖြစ်ကုန်တော့သည်။

ခြူးမုယွင်ခမျာ ဘာမှမတုံ့ပြန်နိုင်တော့‌ချေ။ ခြေစုံရပ်လျက် ငုတ်တုတ်မေ့နေတော့၏။ သို့သော် သူ့ရဲ့ဦးနှောက်ကတော့ မော်တော်စက်တစ်ခုနှယ် တစ်စထက်တစ်စ ရှုပ်ထွေးလာသော အခြေအနေကို ဆန်းစစ်ရင်း၊ အဖြေရှာရင်း၊ တွက်ချက်ရင်း၊ ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုကို ရှာဖွေနေမိတော့သည်။

ထိုအခိုက် လင်းစုယွင်၏ခန္ဓာကိုယ်မှ အလွန်ဖျော့တော့သော အလင်းစက်လေးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ ၎င်းကား လင်းရွှမ်၏ ဝိဉာဉ်အပိုင်းအစလေးပါပင်။ အစားထိုးခန္ဓာကိုယ်နှင့် ပေါင်းစပ်ပြီးသား ဖြစ်ပါသော်လည်း လင်းစုယွင် သေဆုံးသွားနှင့် သူလည်း တွယ်ကပ်ရာခန္ဓာကိုယ် ပျောက်ဆုံးသွားရ၏။ ထို့ကြောင့် အပြင်သို့ထွက်လာပြီး လေထဲ ဝေ့ဝိုက်နေတော့သည်။

ခြူးမုယွင်မှာ အသည်းအသန် စဉ်းစားနေရတာကြောင့် ထိုအချင်းအရာကို သတိမပြုမိခဲ့ပေ။

လင်းရွှမ်သည်လည်း ပြောမပြတတ်အောင် ရှော့ရသွားတာကြောင့် ထိုအလင်းမှုန်လေးကို သတိမထားမိခဲ့။

သို့သော် ယဲ့ကျန့်ဟန်ကတော့ အစမှအဆုံးထိ ကြိုတင်မှန်းဆနိုင်ခဲ့သလို အရာအားလုံး ထိန်းချုပ်ထားပြီးသားဖြစ်ရာ စိတ်အေးလက်အေးဖြစ်နေပြီး ဟိုကြည့်သည်ကြည့် လျှောက်ကြည့်နိုင်၏။ ထို့ကြောင့် လမ်းပျောက်ဝိဉာဉ်လေးကို မြင်ခဲ့လေသည်။

တဖျတ်ဖျတ်လင်းလက်နေသော ဝိဉာဉ်ငယ်လေး၏ မူလအစသည် လင်းရွှမ်၏ခန္ဓာကိုယ် ဖြစ်နေရကား အခွင့်အရေးရသည်နှင့် အသည်းအသန်အိမ်ပြန်ရန် ကြိုးစားတော့သည်။ သို့သော် လေတစ်ချက်အဝှေ့ လမ်းပျောက်သွားဟန်တူ၏။ ဘယ်ဆီကိုသွားရမှန်းမသိ ဖြစ်နေတော့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now