132

2.9K 596 30
                                    

Unicode

နောင်နှစ်ပေါင်းတစ်ရာကျော်ကြာလျှင် ‘အစားကြူးခြင်း’ အရှင်သခင်က လင်းစုယွင်ကို သတ်ပစ်လိမ့်မည်။ လင်းစုယွင် ကျိန်းသေပေါက် သေဆုံးရလိမ့်မည်။

ခြူးမုယွင်လည်း ထိုနေရာတွင် ရှိနေခဲ့သောကြောင့် အနှီဖြစ်ရပ်ကို သိထားပြီးသားပင်။ ထိုအတွက် အဖြေတစ်ခု ရှာထားရပေဦးမည်။ မဟုတ်လျှင် အစားထိုးခန္ဓာကိုယ် သေဆုံးသွားသည်နှင့် ‘အစားထိုးအစီအရင်’ပါ ပျက်စီးသွားပြီး လင်းရွှမ် နောက်တစ်ကြိမ် ချုပ်နှောင်ခံရလိမ့်မည်။

ထိုခေတ်အခါက ‘ပျင်းရိခြင်း’ အရှင်သခင်သည် သနားချင့်စဖွယ် လူငယ်လေးအဖြစ်သာ ရှိနေသေးပြီး ကောင်းကင်ဘုံကို အံတုနိုင်သော ပြန်လည်ရှင်သန်ခြင်းဆေးလုံးကို ပြုလုပ်နိုင်ဦးမည်မဟုတ်။ ထို့ကြောင့် သေခြင်းတရားမှ ပြန်လည်ဆွဲခေါ်ရန် အမှန်ပင် ခက်ခဲချေလိမ့်မည်။

ခြူးမုယွင်တစ်ယောက် နှစ်တစ်ရာကျော်အတွက် အစီအစဉ်ဆွဲနေခဲ့သည်။ နောက်ဆုံးတွင် နည်းလမ်းအမျိုးမျိုး၊ ဗျူဟာအမျိုးမျိုးဖြင့် အပြန်ပြန်အလှန်လှန် သုံးသပ်ပြီးခါမှ နည်းလမ်းတစ်ခု ရှာတွေ့ခဲ့လေ၏။

သေခြင်းတရားထံမှ ပြန်မခေါ်နိုင်မှတော့ မသေဆုံးခင် လှည့်ကွက်တစ်ခု ဖန်တီးလိုက်ရုံသာ။ ကြိုတင်အစီအစဉ်ဆွဲခြင်းက ဖြစ်ပျက်ပြီးမှလုပ်ဆောင်သည်ထက် ပိုမိုလွယ်ကူပေသည်။

ခြူးမုယွင်သည် ရှေးဟောင်းစာအုပ်များထဲ လှန်လှောရှာဖွေနေခဲ့ပြီး နောက်ဆုံးတော့ ဖြေရှင်းနိုင်သည့် နည်းလမ်းတစ်ခု ရှာတွေ့ခဲ့သည်။ ထိုနည်းလမ်းက လင်းစုယွင်၏ခန္ဓာကိုယ်ထဲ ရုပ်သေးတစ်ခု ထည့်သွင်းထားရန်ပင်။ လင်းစုယွင်ကို အသက်အပိုတစ်ခု ထပ်ပေးလိုက်သည်နှင့် အလားသဏ္ဍာန်တူ၏။ သူ သေဆုံးသွားလျှင် ခြူးမုယွင်က ရုပ်သေးရုပ်ကို အသက်သွင်းလိုက်ရုံသာ၊ လင်းစုယွင် ပြန်လည်ရှင်သန်လာပေလိမ့်မည်။

ဤရုပ်သေးပညာက အလွန်ရှုပ်ထွေးသလို ဖန်တီးရန်ခက်ခဲလှသည်။ သို့သော် ခြူးမုယွင်အတွက်တော့ စာမဖွဲ့လောက်ပေ။ ထို့အပြင် နှစ်ပေါင်းတစ်ရာမက ကြိုတင်ပြင်ဆင်ရန် အချိန်ရှိနေသောကြောင့် လိုအပ်သည်ထက် ပိုနေတော့၏။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now