55

4.8K 948 42
                                    

Unicode

သားရဲငယ်လေးသည် ဓားကိုဝင့်လျက် သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ပြေးထွက်သွားလေ၏။ မော့ကျိုးရှောင်အား သူမည်မျှမုန်းတီးနေကြောင်း သိသာလှသည်။

မော့ကျိုးရှောင်သည် မလှုပ်မယှက် ရပ်တန့်နေဆဲ။

သားရဲငယ်လေး၏ တိုက်ခိုက်မှုမှာ အစီအစဉ်မကျပေ၊ သူသည် ရှောင်ယွဲ့ဓားသိုင်း မတတ်သလို အစီအရင်ကိုလည်းမသိ။ မည်သည့်အရာကိုမျှ ဂရုမစိုက်ပါပဲ စိတ်လိုက်မာန်ပါ ပြေးထွက်သွားခြင်းသာ ဖြစ်၏။ သို့သော် ယနေ့ မော့ကျိုးရှောင်၏သေဆုံးမှုကို မဖြစ်မနေ တွေ့ချင်နေသကဲ့သို့ ဓားသွားထက်မှ လူသတ်ငွေ့သည် အလွန်ပင် သိပ်သည်းလှသည်။

ဓား၏ထိပ်ဖျားက သူ့ရဲ့နှလုံးသားတည့်တည့် တိုးဝင်လာသည့်တိုင် မော့ကျိုးရှောင်မှာ လှုပ်ရှားမှုကင်းမဲ့နေဆဲ။

ခြူးမုယွင်က သူ့အား ‘အသက်စွမ်းအင်ကို စောင့်ရှောက်သူ’ အကာအကွယ်စည်း ပေးအပ်ခဲ့သူဖြစ်ရာ အနှီအကာအကွယ်စည်းသည် ကမ္ဘာပေါ်မှလူအားလုံးကို တွန်းလှန်နိုင်ပါသော်လည်း အသက်သွင်းခဲ့သော တစ်စုံတစ်ယောက်ကိုမူ မတားဆီးနိုင်ပါချေ။

ထိုလူမှာ ခြူးမုယွင်ပင်ဖြစ်သည်။

ထို့အပြင် ခြူးမုယွင်က သူ့ကို သတ်ချင်နေသည်။

လွန်ခဲ့သည့်လေးနှစ်ခန့်က နာကျဉ်းဖွယ်အမှန်တရား ပေါ်ထွက်ခဲ့သည့်အချိန်..

စိတ်အာရုံတစ်ခုလုံး ရှုပ်ထွေးနေသည့်တိုင် ခြူးမုယွင်က သူ့အပေါ် အမျက်ပုံချမည့်အစား အသေခံရန် ရွေးချယ်သွားခဲ့၏။

သို့သော် ယခုမူ ထိုမှတ်ဉာဏ်အားလုံးကား မှေးမှိန်သွားသလို ခံစားချက်များသည်လည်း ၎င်းတို့နှင့်အတူ စွန့်ခွာသွားချေပြီ။ ပြန်လည်ဝင်စားပြီးနောက် မှတ်ဉာဏ်အသစ်ဖြင့် အရာအားလုံး ပြောင်းလဲသွားခဲ့ချေပြီ။

မော့ကျိုးရှောင်မှာ အသိစိတ်လွတ်နေသူလို..

သူ့ရဲ့မှတ်ဉာဏ်ထဲတွင် ရှိခဲ့ဖူးပါသော ခြူးမုယွင်ကိုပင် ဝေဝါးလာသလို..

သူချစ်ခဲ့သော အမျိုးသားလေးအား အလုံးစုံနားလည်ထားသလို ထင်မှတ်ခဲ့ပါသော်လည်း၊ သူလိုချင်ခဲ့သော အမျိုးသားလေးအကြောင်း ရှင်းရှင်းလင်းလင်း သိထားသလို ထင်မှတ်ခဲ့ပါသော်လည်း၊ ယခုတော့ အရာအားလုံး လွင့်ပျယ်သွားရသလိုပင်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now