117

3.3K 729 51
                                    

Unicode

“ဟီးဟီး.. သူကြိုက်နေတဲ့လူက မိန်းကလေး မဟုတ်ဘူး..”

ကြားလိုက်ရသော ထိုစကားကြောင့် ခြူးမုယွင်၏စိတ်ထဲ ခပ်လှောင်လှောင် ရယ်လိုက်မိသည်။

သို့သော် လူအုပ်ကြီးကတော့ ထိုစကား၏ ဆိုလိုရင်းကို နားမလည်သေးပေ။ အစောပိုင်းက 'ကြိုက်တယ်ဆိုလည်း ဒီအတိုင်း လက်ထပ်လိုက်ပေါ့..' လို့ ပြောခဲ့သော ညီအစ်ကိုသည်လည်း နားမလည်သေးမှန်း သိသာလှသည်။ သူက ဆက်ပြောလာသည်။

“မိန်းကလေးမဟုတ်ဘူးဆိုရင် လက်ထပ်ပြီးသား မိန်းမကြီးတော့ မဟုတ်ပါဘူးနော်..? ဟီးဟီး.. အဲ့တာလည်း ပြဿနာမဟုတ်ပါဘူး.. လင်းမုရဲ့ကျင့်ကြံဆင့်နဲ့ဆို ဒီအတိုင်း ဆွဲစိလိုက်ရုံပဲ…”

အတင်းတုပ်နေသော လူကြီးက မျက်လုံးလှိမ့်ကာ..

“လင်းမုက မိန်းမဆို ဘယ်မိန်းမမှမကြိုက်တာ..!”

ဤတစ်ကြိမ်တော့ အခန်းထဲမှလူအားလုံး မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားကြလေသည်။

ဆိုတော့ မင်းပြောချင်တာ …. အဲ့လိုမျိုးလား။

ပြောခဲ့ဖူးသည့်အတိုင်း ဝိဉာဉ်နယ်မြေမှ ကျင့်ကြံသူများသည် အတော်လေး စရိုက်ကြမ်းလှသည်။ ထိုသို့ စရိုက်ကြမ်းသောကြောင့်လည်း ‘အချစ်’ဟူသောအရာကို နားမလည်ကြပေ။ သူတို့ဟာ စိတ်ဆန္ဒအတိုင်း ပြုမူတတ်ကြပြီး ခံစားလို့ကောင်းနေသရွေ့ အရာအားလုံး အဆင်ပြေသည်။

‘သစ္စာရှိခြင်း..’ ‘မိမိကိုယ်ကို ကျောက်စိမ်းတစ်ပါးလို စောင့်ထိန်းခြင်း..’ အဲ့တာတွေက ဘာအတွက်လဲ..??? ဒီနေ့ မင်းနဲ့ငါ ကောင်းခဲ့တယ်။ နောက်နေ့ နောက်တစ်ယောက်ပြောင်းမယ်။ အင်း.. သဘက်ခါ ငါတို့သုံးယောက် အဆင်ပြေရင် အတူလုပ်ကြတာပေါ့။

ထိုသို့သော လူစားများပင်။ နယ်ခြားစည်းတိုက်ပွဲလည်း မပြီးသေးတာကြောင့် ဝိဉာဉ်လောကကြီးဟာ စည်းမျဥ်းဥပဒေမရှိသလို ‘အိမ်ထောင်မှု’ဟူသော အတွေးအမြင်လည်း မရှိကြသေးပေ။

ထို့ကြောင့် အစောပိုင်းက 'အိမ်ထောင်ရှိအမျိုးသမီးကို သဘောကျမိလျှင်ပင် ပြဿနာကြီးမဟုတ်..'ဟု ထိုလူက ပြောလိုက်ခြင်းဖြစ်သည်။ သို့သော် လင်းမုက အမျိုးသားတွေကိုသာ သဘောကျကြောင်း ကြားလိုက်ရသောအခါဝယ် အတွေးပြောင်းသွားတော့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now