22

5.9K 1K 30
                                    

Unicode

Zero : “‘မာန’ နိုးလာပြီ..”

ကျင့်ကြံစွမ်းအားများ ပျောက်ကွယ်သွားသောကြောင့် ခြူးမုယွင်က မသိပေ။

“ပြတင်းပေါက်နားမှာလား..?”

Zero : “ကျောက်ရုပ်ကြီးလို မတ်တပ်ရပ်နေတယ်..”

ခြူးမုယွင်က မအံ့ဩပေ။ ထို့အစား ပိုမိုစိတ်ဝင်စားလာခဲ့သည်။

“မော့ကျိုးရှောင်က သူ့ရဲ့တည်ရှိမှုကို ဖုံးကွယ်မထားဘူးလား..?”

Zero : “ဖုံးကွယ်ထားတယ်..!”

ခြူးမုယွင် : “အဲ့တာကို သူရှိနေမှန်း သိနေသေးတာလား..?”

Zero : “ကျွန်တော် Upgrade မြှင့်ထားတယ်လေ.. ~\(≧▽≦)/~ ”

ခြူးမုယွင် : “………..”

Zero : “………အများအားဖြင့် မော့ကျိုးရှောင်နဲ့ အရမ်းနီးကပ်နေရင် အာရုံခံလို့ရတယ်..”

ခြူးမုယွင်က နားလည်သွားခဲ့သည်။ : “အဲ့တော့ Window 95 ကနေ 98 ကို မြှင့်လိုက်တဲ့သဘောပေါ့..?”

Zero : “မဟုတ်ပါဘူး…..”

ခြူးမုယွင်က မကောင်းတဲ့ခံစားချက်တစ်ခုကို ရလိုက်သည်။ အချိန်အနည်းငယ်ကြာတော့ Zero လေးက ရိုးရိုးသာသား ရှင်းပြလာခဲ့သည်။

“တကယ်တော့ Dos 1.0 ကနေ 2.0 ကို မြှင့်လိုက်တာပါ..”

ခြူးမုယွင် : “ဟုတ်ပြီ.. အဲ့လိုဆိုတော့ Window ခေတ်ကိုတောင် မရောက်သေးဘူးပဲ..”

(TN : Window ကိုတော့ သိကြမယ်ထင်ပါတယ်။ Computer, Laptop တွေရဲ့ Operation System ပါ။ Dos Version ကတော့ Window ထက် ပိုပြီးစောပါတယ်။)

ခြူးမုယွင်က ဝမ်းနည်းသောကရောက်နေသလို ထိတ်လန့်တုန်ယင်နေသည့် ပုံရိပ်လေးကို ထိန်းသိမ်းထားရင်း ရေခဲနှင့်နှင်းပွင့်တွေကြား Zero လေးနှင့်အတူ နာရီအတော်ကြာအောင် စကားပြောနေခဲ့သည်။

တစ်ဖက်မှာတော့ မာနအရှင်က ပို၍ပင် နစ်မြောလာခဲ့သည်။ လူငယ်လေးကို နာရီအတော်ကြာအောင် ငေးစိုက်ကြည့်နေခဲ့သည်။ သို့သော်လည်း ဖြောင့်ဖြောင့်မရပ်သလို ခါးမမတ်ထားခဲ့ပေ။ ပထမဦးဆုံးအကြိမ်အဖြစ် သူ့ရဲ့စံပြဟန်ပန်မှာ ပျက်ယွင်းနေခဲ့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now