Shen Shui Yan

2.1K 252 2
                                    

Unicode

အမည် - ရှန်ရွှိန်ယန်း

ဘွဲ့အမည် - အလိုလောဘ အရှင်သခင်၊ ဝုချင်းကျွင်း။

နေရပ် - ကောင်းကင်မိုးသားနန်းတော်၊ လူသားနယ်မြေ။ ပကတိမြူနှင်းနန်းတော် (ဝုချင်းနန်းတော်)၊ ဝိဉာဉ်နယ်မြေ။

ကျွမ်းကျင်မှု - အစီအရင်ဖန်တီးခြင်း

ပုံပန်းသွင်ပြင် - ပုံမှန်မျက်ဝန်း၊ ပုံမှန်ဆံပင်အရောင်ပဲ ရှိပေမယ့် သူ့ရဲ့ထူးခြားချက်က နဖူးအလယ်တည့်တည့်မှာ ဟင်္သာပြဒါးအမှတ်လေးပါ။ တောက်ပပြီးတန်ဖိုးကြီးတဲ့ အဆင်တန်ဆာတွေ၊ အဝတ်အစားတွေ ဝတ်ဆင်တတ်ပါတယ်။ ခုနစ်ယောက်ထဲမှာ အချောဆုံးလေးလို့လည်း ပြောလို့ရပါတယ်။

***

နတ်ဆိုးတိုင်းပြည်၏ အရှင်ခုနစ်ပါးအနက် တစ်ပါးအပါအဝင်ဖြစ်သူ၊ 'အလိုလောဘ'ကို ကိုယ်စားပြုသော ဘေးအန္တရာယ်ဆိုး ရှန်ရွှိန်ယန်း။

ထိုသူသည် အတော်လေးရှုပ်ထွေးပြီး အထက်တန်းဆန်သော အဝတ်အစားများကို ဝတ်ဆင်ထားပါ၏။ ဆွတ်ဆွတ်ဖြူသော အဝတ်အစားများ၏ အနားကွပ်တွင် တိမ်တိုက်ကဲ့သို့သော ပန်းကနုတ်လေးများကို ပုံဖော်ထားသည်။ ပါးလျသော ခရမ်းဖျော့ဖျော့ ခြုံလွှာတစ်ထည်ကို အပေါ်မှထပ်ထားပြီး အလွန်ရှည်လျားသည်ဖြစ်ရာ ခြေထောက်နောက်သို့ပင် တွဲလျားကျနေခဲ့သည်။ လမ်းလျှောက်လိုက်တိုင်း သူ၏လှုပ်ရှားမှုနှင့်အတူ ပါးလျသောအထည်စလေးသည် ယိမ်းနွဲ့လျက်၊ တင့်တယ်လှပေသည်။

အမှောင်ထုအတွင်းမှ သူ၏မျက်နှာသည် တဖြည်းဖြည်း ထွက်ပေါ်လာခဲ့သည်။

ထူထပ်အိစက်သော ဆံနွယ်ရှည်ရှည်ကို နားရွက်အနောက်တွင် အသာအယာ သပ်တင်ထားပြီး လည်တိုင်ကျော့ကျော့ကို လှစ်ဟပြထား၏။ ဝိုးတဝါး ပုံရိပ်လေးကပင်လျှင် သူ၏ မိန်းမောဖွယ်ရာ အလှတရားကို ဖော်ကျူးနိုင်စွမ်းရှိနေသည်။

ဟင်္သာပြဒါးကဲ့သို့ ရဲရဲနီနေသော အမှတ်ကလေးကို ထိုအမျိုးသား၏ မျက်ခုံးတန်းနှစ်ခုကြား တွေ့လိုက်ရသည့်အချိန်...

ခြူးမုယွင်မှာ မှင်သက်သွားတော့သည်။

စပေါ်လာတဲ့အချိန်မှာတော့ ရှန်ပေါက်လေးပေါ့ 💜

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now