36

5K 1K 97
                                    

Unicode

ကံကြမ္မာငင်သော ဤနေ့ရက်အတွက် သူ့ရဲ့စွမ်းအားများကို ဖိနှိပ်သိမ်းဆည်းထားသလား ထင်မှတ်ရ၏။ လင်းရွှမ်ထုတ်လွှတ်လိုက်သော ဖိအားအရှိန်အဟုန်မှာ အနီးပတ်လည်မှ အပင်များအားလုံးကို ပြားပြားဝပ်သွားစေသည်။

အကယ်၍ ရေခဲဝိဉာဉ်သားရဲ၏ စွမ်းအားအဆင့်သာ လုံလုံလောက်လောက် မမြင့်မားခဲ့လျှင် ခြူးမုယွင်လည်း မီတာအနည်းငယ်ခန့်အထိ လွင့်စင်သွားနိုင်သည်။ သို့သော် မည်သို့ပင်ဆိုစေ ကမ္ဘာမြေကြီးကိုပင် တုန်လှုပ်သွားစေသော ကြောက်မက်ဖွယ် ဖိအားအရှိန်ကို ခံစားမိနေဆဲ။

လင်းရွှမ်၊ ဒီအရူးကောင်တော့…..

အရေးကြီးသောအချိန်၌ Zero လေးက သတိပေးလာခဲ့သည်။

“အမျက်ဒေါသအရှင်ရဲ့ စွမ်းအားက တဖြည်းဖြည်းချင်း မြင့်တက်လာနေတယ်.. ချန်ထားမယ့်ပုံမပေါ်ဘူး..”

ခြူးမုယွင်လည်း လင်းရွှမ်၏ စွမ်းအင်ပမာဏကို သိသည်။ သို့သော် ထိုအချက်မှာ ပြဿနာကြီးကြီးမားမားမဖြစ်အောင် ထိန်းချုပ်နိုင်ရုံလောက်သာ။

“သံသယဝင်စရာကို မရှိဘူး.. ငါမြင်ဖူးခဲ့သမျှထဲမှာ မုန်းစရာအကောင်းဆုံး သတ္တဝါကိုပြောပါဆိုရင် ခွေးရူးတွေပဲ..”

Zero လေးက ပွင့်ပွင့်လင်းလင်း မေးလာခဲ့သည်။

“Host အကြောင်းကို ဘယ်လိုလုပ်သိသွားတာပါလိမ့်..? အမျက်ဒေါသအရှင်က ဘယ်တုန်းက အရမ်းဉာဏ်ကောင်းသွားတာလဲ..?”

ခြူးမုယွင် : “သူသာ ဉာဏ်မကောင်းရင် အကြိမ်တစ်ထောင်လောက် အသတ်ခံရပြီးပြီ..”

သံသယဝင်ရန်မရှိ။ နတ်ဆိုးအရှင်ခုနစ်ပါးအနက် အမျက်ဒေါသအရှင်မှာ စိတ်လိုက်မာန်ပါ အလုပ်တတ်ဆုံး လူတစ်ယောက်ဖြစ်သည်။ သို့သော် ဦးနှောက်မရှိဟု မဆိုလိုပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ့ဘဝတစ်လျှောက်လုံး တိုက်ပွဲတွေကြား ရှင်သန်နေခဲ့သော လူတစ်ယောက်အတွက်၊ သို့တည်းမဟုတ် သူနှင့်အတူ ယှဉ်ပြိုင်တိုက်ခိုက်နိုင်သော ရန်သူများအား အမြဲတစေ လိုက်ရှာနေတတ်သော လူတစ်ယောက်အတွက်၊ ရန်သူ၏ခြေလှမ်းနှင့် လှုပ်ရှားမှုမှန်သမျှကို တွက်ချက်နိုင်ရန် လိုအပ်သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now