57 Arc-2 End

6K 1K 86
                                    

Unicode

ခြူးမုယွင်ပဲ..!

မော့ကျိုးရှောင်က မျက်လုံးပိတ်လိုက်သည်။ မျက်နှာအမူအယာကား ပြောင်းလဲမှုမရှိ၊ သို့သော် ပုံမှန်ရေခဲတုံးမျက်နှာသည် ပိုမိုအေးစက်နေခဲ့လေ၏။

ဤသည်ကား သူ့မှတ်ဉာဏ်များ၏ အပိုင်းအစမျှသာ။ မော့ကျိုးရှောင်က သက်ပြင်းရှိုက်လျက် မျက်ဝန်းများကို တဖန်ပြန်ဖွင့်လိုက်သည်။ အပြာရောင် ကျောက်တုံးလေးသည် လေထုထဲတွင် လွင့်မျောနေဆဲ။ မော့ကျိုးရှောင်သည် လက်ချောင်းထိပ်ကို အသာလှီးဖြတ်၍ မိုးပြာရောင်ကျောက်လေးကို အနီရင့်ရင့်သွေးစက်များဖြင့် စွန်းထင်းစေလိုက်၏။ ကျောက်တုံးက အသက်ဝင်လာသလို သွေးစက်များကို စုပ်ယူနေခဲ့သည်။

ထို့နောက်တွင်မူ မျက်စိကျိန်းစပ်ဖွယ် အပြာရောင်အလင်းတန်းများသည် နဂါးခြောက်ကောင်သဖွယ် ကျောက်တုံး၏အလယ်မှ ထွက်ပေါ်လာခဲ့၏။ ပြီးနောက် အဘက်ဘက်သို့ ဖြာထွက်သွားကာ ဖီးနစ်တစ်ထောင်တောင်ထိပ်ကို လွှမ်းခြုံလိုက်တော့သည်။

လေဟာပြင်တစ်ခုလုံး ဆွဲဆုတ်ခံလိုက်ရသကဲ့သို့ ဖီးနစ်တစ်ထောင်တောင်ထိပ်၏ မြင်ကွင်းများ စတင်ပြောင်းလဲလာခဲ့သည်။ ပစ္စုပ္ပန်နှင့် အတိတ်၏မှတ်ဉာဏ်များကား ရောယှက်လျက်၊ ထွက်ပေါ်လာသော ပုံရိပ်များသည် တံလျှပ်သဖွယ်။ မော့ကျိုးရှောင်အနေဖြင့် ထိုပုံရိပ်များကို ရှင်းရှင်းလင်းလင်း မြင်နေရပါသော်လည်း ထိတွေ့၍မရပေ။

သို့သော် အစမှအဆုံးထိတိုင် မော့ကျိုးရှောင်က တစ်ဦးတည်းသော လူသားလေးကိုသာ ရပ်ကြည့်နေခဲ့သည်။

သူကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့ပါသော ကလေးငယ်လေးသည် တဖြည်းဖြည်းချင်း ကြီးပြင်းလာခဲ့ပြီး လက်ရှိအချိန်မှာတော့ အရွယ်ရောက်ပြီးသော လူရွယ်တစ်ယောက် ဖြစ်နေခဲ့ချေပြီ။

အနှီမှတ်ဉာဏ်များသည် သူ့ကိုယ်ပိုင်မှတ်ဉာဏ်များနှင့် ကွာခြားမှုမရှိ၊ သို့ပါသော်ငြား သူ,မမြင်ခဲ့ဖူးသော၊ သတိမပြုမိခဲ့သော၊ ယုတ်စအဆုံး တွေးပင်မတွေးခဲ့ဖူးသော တစ်စုံတစ်ရာ ရှိနေခဲ့သည်။ ၎င်းသည် တခြားသော ခြူးမုယွင်ပင် ဖြစ်နေခဲ့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now