121

3K 699 46
                                    

Unicode

လင်းယွင်ဂိုဏ်းသည် နှစ်ပေါင်းတစ်ထောင်ခန့် ရပ်တည်နိုင်ခဲ့ပြီး နာမည်ဂုဏ်သတင်း ကျော်ဇောလှပါ၏။ ယခုနှစ်များတွင်လည်း နယ်ခြားစည်းတိုက်ပွဲတွင် ပူးပေါင်းပါဝင်ခဲ့ပြီး ကြီးမြတ်သော မှတ်တမ်းတစ်ခုအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့လေသည်။

လင်းယွင်ဂိုဏ်းသို့ ရောက်သွားချိန်တွင် ဂိုဏ်း၏အဆောက်အအုံပုံစံ၊ အခန်းဖွဲ့စည်းပုံများကအစ သူ့ရဲ့အကြိုက်နှင့် အတော်လေး ဆင်တူနေသလို ခံစားခဲ့ရသည်။ သို့သော်.. မျက်စိတစ်မှတ်စာအတွင်း အဘယ်သို့ တောင်ကတုံးဖြစ်သွားရသနည်း။

သူ၏လက်ရှိခန္ဓာကိုယ်သည် အကြိမ်များစွာ သေဆုံးခဲ့ရပြီး ပြန်လည်ရှင်သန်လာတိုင်း သေဆုံးခဲ့သော နေရာမှာပင် ပြန်နိုးထလာခဲ့သည်။ သို့သော် ဤတစ်ခေါက်တွင် အဘယ်ကြောင့် နေရာကူးပြောင်းသွားရသနည်း။

ခြူးမုယွင် : "Zero လေးရေ..?"

Zero : "ခန္ဓာကိုယ်အပြောင်းအလဲ မရှိပါဘူး.."

ခြူးမုယွင်လည်း တစ်ခဏ တွေးတောလိုက်ပြီး.. "အချိန်စစ်ကြည့်လို့ရလား..?"

Zero လေး အသံတိတ်သွားသည်။

ခြူးမုယွင်က အနီးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း စောင့်ဆိုင်းနေခဲ့သည်။ ဘေးပတ်ပတ်လည်တွင် ယဲ့ကျန့်ဟန်နှင့် လင်းရွှမ်သာမက လင်းစုယွင်၏အလောင်းပါ မရှိတော့ချေ။ မြူဆိုင်းနေသော ကောင်းကင်ကြီးနှင့် အဆုံးမရှိသော စွန့်ပစ်နယ်မြေကြီးသာ တည်ရှိနေခဲ့၏။

နယ်မြေတစ်ခုလုံး အသက်ဓာတ်ဟူ၍ လုံးဝမရှိ၊ ခြောက်သွေ့နေသော ကုန်းမြေကြီးသည် မြေဩဇာဖြစ်ထွန်းပုံမပေါ်သလို ဆိုးဆိုးရွားရွား ဖျက်ဆီးခံထားရမှန်း သိသာနေသည်။

ခြူးမုယွင်က နတ်ဘုရားစိတ်အာရုံ ထုတ်လွှင့်ကာ ခပ်ဝေးဝေးနေရာများကို စစ်ဆေးကြည့်ရန် ပြင်လိုက်သည်။ ထိုအချိန်တွင် Zero လေး၏ အသံထွက်လာခဲ့လေသည်။

"Host ရေ... နယ်ခြားစည်းတိုက်ပွဲအစကို ပြန်ရောက်သွားတာပဲ.."

ခြူးမုယွင် : "..........."

Zero : "QAQ! ကျွန်တော် ဘာမှမလုပ်ဘူးနော်..!"

ဒါပေါ့။ ခြူးမုယွင် သိနေပြီးသားပင်။ သို့သော်..

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now