139

2.7K 616 29
                                    

Unicode

ပိန်ရှည်ရှည်လူက တကယ့်ကို ဗဟုသုတကြွယ်ပါပေသည်။

တကယ်တော့ ထိုလူ တကယ်သိနေခြင်းလား၊ ကြောင်အကန်းက ကြွက်သေဝင်တိုး (ကြက်ကန်းဆန်အိုးတိုး) ခြင်းလား၊ ခြူးမုယွင် မသိပါသော်လည်း ကံကောင်းသွားသည်မှာ အမှန်ပါပေ။

ယဲ့ကျန့်ဟန်၏နှလုံးသွေးသည် အဖိုးထိုက်တန်သော ရတနာစင်စစ်ဖြစ်၏။ : သာမာန်လူသားများ ၎င်းကို ပိုင်ဆိုင်နိုင်ခဲ့လျှင် ပြန်လည်ဝင်စားခြင်းစက်ဝန်းကို လွန်ဆန်ကျော်လွှား၍ ထာဝရအသက်ရှင်နိုင်ပေလိမ့်မည်။ အကယ်၍ ကျင့်ကြံသူတစ်ယောက်သာ အသုံးပြုခဲ့မည်ဆိုလျှင် ကျင့်ကြံဆင့်များစွာ ချိုးဖောက်ကျော်ဖြတ်၍ ကြီးစွာသော စွမ်းအင်အရှိန်အဝါတို့ ပိုင်ဆိုင်နိုင်ပေလိမ့်မည်။ နောက်ထပ်ကောလာဟလကား အနှီသွေးစက်ကို ယဲ့ကျန့်ဟန်ဘက်မှ လိုလိုလားလား ပေးအပ်ခဲ့သည်ရှိသော် သူ၏ ‘ဖျက်ဆီးဝါးမြိုခြင်း’ စွမ်းရည်ကိုပင် ပိုင်ဆိုင်နိုင်လိမ့်မည်ဟူ၏။

ထိုစကားသာ အမှန်ဆိုလျှင် ပြိုင်ဘက်ကင်းစွမ်းအားမျိုး ပိုင်ဆိုင်နိုင်ခြင်းပင်။

ယဲ့ကျန့်ဟန်သည် နှစ်ထောင်ပေါင်းများစွာ အာဏာရှင်တစ်ပါးနှယ် စိုးမိုးခြယ်လှယ်နေခဲ့သော်လည်း သူ့အား မည်သူမျှ အနိုင်မယူနိုင်ခဲ့ပေ။ အရာအားလုံးက ထိုအထူးအဆန်းစွမ်းရည်ပေါ် မှီခိုနေခြင်းဖြစ်၏။

နှလုံးသွေးသည် သာမာန်သွေးစက်နှင့် လုံးဝကွဲပြားရုံသာမက နှလုံးသွေးထုတ်ယူချိန်တွင် ရင်ဘတ်တစ်ခုလုံး ဆုတ်ဖြဲခံလိုက်ရသလို ခံစားရပေလိမ့်မည်။ သာမာန်လူသာဆိုလျှင် ထိုသို့နာကျင်ခံစားနေမည့်အစား သက်သေမိလိမ့်မည်။ ထို့ကြောင့် နှလုံးသွေးဟာ သွေးကြောများ၏ အရင်းအမြစ်ဖြစ်ကြောင်း ထည့်ပြောနေရန်ပင် မလိုတော့ပါချေ။ နှလုံးသွေးထုတ်ယူခဲ့လျှင် ကျိန်းသေပေါက် သေဆုံးရလိမ့်မည်။ မလွဲမသွေ သေဆုံးရမည်ဖြစ်ရာ မည်သူက မသေဆုံးခင် နာကျင်ခံစားချင်ပါဦးမည်နည်း။

ခြူးမုယွင်၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်ခြင်းများ ဖုံးလွှမ်းသွားခဲ့၏။ သို့သော် သူ့ရဲ့စိတ်ထဲမှာတော့ လုံးဝဂရုမစိုက်ပါချေ။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now