119

3.2K 704 60
                                    

Unicode

“မသေသေးဘူးဆိုတော့ လင်းစုယွင်ကို ဘယ်လိုလုပ်ပစ်ထားနိုင်သွားတာလဲ..?”

ထိုစကားကြောင့် လင်းရွှမ် တစ်ခုခုသိထားကြောင်း သေချာလာခဲ့သည်။ 'လင်းမု'၏အတိတ်တွင် ခြူးမုယွင်၏ Mission အတွက် အသုံးဝင်သော ဇာတ်ကြောင်းတစ်ခုခု ရှိနေနိုင်သည်။ ထို့ကြောင့် တစ်ခန တွေးတောကြည့်ရင်း လင်းရွှမ်ထံမှ စကားအစ်ကြည့်ရန် ဆုံးဖြတ်လိုက်၏။

“ငါဘာမှမမှတ်မိတော့ဘူး..”

လင်းရွှမ်က အနည်းငယ် ထိတ်ပျာသွားသလို..

“မေ့ကုန်ပြီတဲ့လား..?”

ခြူးမုယွင်က ခပ်တည်တည်ဖြင့် ခေါင်းညိတ်ပြကာ..

“နိုးလာကတည်းက ဦးနှောက်တစ်ခုလုံး ဗလာကျင်းနေတာ..”

လင်းရွှမ်က ပြုံးသည်။ ပြီးနောက် ယဲ့ကျန့်ဟန် ပြောခဲ့ဖူးသည့်အတိုင်း တစ်ထပ်တည်း ပြောလာခဲ့လေ၏။

“အဲ့တော့ သေမတတ်ချစ်လှပါချည်ရဲ့ဆိုတဲ့ ခင်ဗျားရဲ့အချစ်က ဘာမှမဟုတ်တော့ဘူးပေါ့..”

ခြူးမုယွင် မျက်မှောင်ကြုတ်လိုက်သည်။ သူ့နှလုံးသားထဲဝယ် ထူးဆန်းသော ခံစားချက်တစ်ခု ဖြတ်ပြေးသွားလေ၏။ သို့သော် အလွန်လျင်မြန်လွန်းရကား ဖမ်းဆုပ်ရန် မလွယ်ခဲ့ပါချေ။

လင်းရွှမ်က မျက်ခုံးပင့်လိုက်ကာ..

“ဘာမှမမှတ်မိတော့တာတောင် အရင်လို သစ်သားတုံးကြီးပဲ.. အဲ့တာကြောင့် ခင်ဗျားက ပျင်းစရာကောင်းတယ်လို့ လူတွေပြောကြတာ..”

ခြူးမုယွင် : “……..”

အဲ့တော့ လင်းမုရဲ့စရိုက်အမှန်က ဒီအတိုင်းပဲပေါ့..? တိုက်ဆိုင်တာရော ဟုတ်သေးရဲ့​လား..?

မည်သို့တွေးနေပါစေ ခြူးမုယွင်၏ အပြင်ပန်းအမူအရာက မပြောင်းမလဲ တည်ငြိမ်နေဆဲ။ သူက ပြန်ပြောလိုက်သည်။

“ဘာတွေဖြစ်ခဲ့သလဲဆိုတာ မင်းငါ့ကို ပြောပြပေးနိုင်မလား..?”

လင်းရွှမ်က ခြူးမုယွင်ကို စိုက်ကြည့်လာသည်။ ပြီးနောက် မဲ့ပြုံးပြုံးကာ..

“ဘာမှမသိတော့တာပဲ ပိုကောင်းပါတယ်..”

ခြူးမုယွင်၏မျက်ဝန်းထဲတွင် စိတ်မရှည်သလို အရိပ်အယောင်တချို့ ဖြတ်ပြေးသွားလေ၏။ ပါးစပ်ဖွင့်လာချိန်တွင် သူ့ရဲ့လေသံက ပုံမှန်ထက် အေးစက်နေခဲ့လေသည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now