43

4.8K 984 38
                                    

Unicode

ဇီးပန်းရောင်ဝါနန်းတော်သာမက ဇီးပန်းရောင်ဝါတောင်တစ်ခွင်လုံး ခြူးမုယွင် အလိုရှိသည့်နေရာတိုင်း တံခါးမရှိဓားမရှိ သွားလာနိုင်သည်။

ခြူးမုယွင်အတွက် တားမြစ်နေရာ နှစ်ခုသာရှိသည်။

ပထမနေရာသည် ခြူးမုယွင်တစ်ယောက် အကြံကုန်သုံးကာ ခိုးဝင်ခဲ့သော၊ အစီအရင်သုံးခဲ့မိတာကြောင့် သူ့ရဲ့မျက်နှာအမှန်ကို လင်းရွှမ်ရှေ့ထုတ်ဖော်မိသလို ဖြစ်ခဲ့ရသော၊ စာကြည့်ခန်းပင်ဖြစ်သည်။ ကျန်တစ်ခုကား ရန်ချန်း၏အိပ်ဆောင်ပင်။

သားရဲပေါက်စလေး ဖြစ်စဉ်အခါက ရန်ချန်းသည် ခြူးမုယွင်အား ပွေ့ဖက်ကာ အိပ်ဆောင်အတွင်း အတူတူ အိပ်စက်ခဲ့ကြသည်။ သို့သော် လူသားအသွင် ပြောင်းသွားသည့်အချိန်မှစ၍ ခြူးမုယွင်အတွက် အိပ်ဆောင်သီးသန့် ရှိလာခဲ့ပြီး အဝေးသို့ အပို့ခံလိုက်ရသည်။

ခြူးမုယွင်က ရန်ချန်းရဲ့အတွေးမှန်သမျှကို ကောင်းကောင်း နားလည်သည်။

နတ်ဆိုးအရှင် ခုနစ်ပါးအနက် မနာလိုခြင်းအရှင်သခင် ရန်ချန်းဟာ အလျှို့ဝှက်ဆုံး ဇာတ်ကောင်ဖြစ်၏။ အမြဲတစေ မလုံခြုံသလို ခံစားနေရတတ်ပြီး မည်သူ့ကိုမျှ မယုံကြည်၊ လူတွေရဲ့ စိတ်ခံစားချက်အား ဆော့ကစားရသည်ကို နှစ်သက်သည်။ မိသားစုဖြစ်စေ၊ သူငယ်ချင်းတွေဖြစ်စေ၊ ချစ်သူတွေဖြစ်စေ၊ ထိုအရာများအား ဖျက်ဆီးပစ်ရသည်ကို နှစ်သက်သည်။ အရောင်ဆိုးရသည်ကို နှစ်သက်သည်။

လူသတ်ခြင်းက ရန်ချန်းအတွက် စိတ်ကျေနပ်မှုမပေးနိုင်ပေ။ သူလိုချင်သောအရာမှာ စိတ်ပိုင်းဆိုင်ရာ ပျက်ဆီးခြင်းဖြစ်၏။ လူတစ်ယောက်၏ အနက်ရှိုင်းဆုံး စိတ်ဒဏ်ရာကို နှိုးဆွခြင်းဖြစ်၏။ ထိုကဲ့သို့ ထိန်းချုပ်၍မရနိုင်သော စိတ်ခံစားချက်များကြောင့် ရန်ချန်းက အရာအားလုံးကို ဖျက်ဆီးပစ်ရန်သာ ရွေးချယ်ခဲ့သည်။

လက်ရှိအချိန်တွင် ခြူးမုယွင်က ရန်ချန်းအား တစ်စုံတစ်ခုသာ သိစေချင်သည်။ ထိုအရာကို ရန်ချန်းသိသွားသည်နှင့် သူ၏ ပုံတူပန်းချီကို မီးလင်းလာအောင် လုပ်နိုင်လိမ့်မည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now