168

2.5K 574 27
                                    

Unicode

Zero လေးသည် အခုတလော ဆိုရိုးစကားတစ်ခွန်း လေ့လာနိုင်ခဲ့သည်။

“မြို့ကြီးက အရှုပ်အထွေးတွေ များလိုက်တာ.. ရွာပြန်နေချင်တော့တယ်..”

ခြူးမုယွင် : “……….”

Zero လေးက မဝံ့မရဲဟန်ဖြင့်.. “‘ပျင်းရိခြင်း’အရှင်က အရမ်းချစ်ဖို့ကောင်းတာပဲ.. ပုံတူပန်းချီကားလည်း မီးအပြည့်လင်းတော့မှာ ဆိုတော့.. ဟို…. ဟိုလေ… သူ့ကို မနှိပ်စက်သင့်တော့ဘူးလားလို့…”

ခြူးမုယွင် : “လိမ္မာစမ်းပါကွာ.. ငါဘာလုပ်မလဲ စောင့်ကြည့်နေ..”

Zero : QAQ!

ရှန်ရွှိန်ယန်း၏ ဤလှည့်ကွက်သည် အတော်လေး အကြင်နာကင်းမဲ့လှပေ၏။ သို့သော် ရည်းစားဟောင်းတို့၏ ထုံးတမ်းအစဉ်အလာနှင့် အမှန်ပင် အံဝင်ခွင်ကျဖြစ်နေတော့သည်။ : ‘ငါအဆင်မပြေရင် မင်းလည်း ကောင်းကောင်း နေရမယ်မထင်နဲ..’ ဆိုသလို။ ကိုယ့် Relationship မဟုတ်တိုင်း အားပါးတရ ဖျက်လိုဖျက်ဆီး လုပ်နေတော့သည်။

ဒါပေါ့။ ‘အားမု’သည် အံ့ဩထိတ်လန့်သွားသည့်တိုင် ဣန္ဒြေရရပြုမူနေဆဲ။ ‘ရှန်ယွင်’ ၏ဖြစ်တည်မှုကြောင့် တုန်လှုပ်မနေသင့်ပေ။

ကျွင်းမော့သည် ပုံမှန်ဆိုလျှင် ခံစားချက်မပေါ်လွင်သော်လည်း လက်ရှိအချိန်မှာတော့ သူ၏ ငွေရောင်မျက်ဝန်းအိမ်ထဲတွင် စိုးရိမ်ကြောက်လန့်ခြင်းများ စွန်းထင်နေခဲ့၏။

ရှန်ရွှိန်ယန်းက အားတုံ့အားနာဖြစ်သွားဟန်ဖြင့်.. “ကိုယ် အတိတ်ဟောင်းတွေ ပြန်အစဖော်မိသွားတာပါ.. နှစ်တစ်ထောင်မက ကြာခဲ့ပြီပဲလေ.. ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့………..”

ဘာကို အားနာနေတာလဲ။ သူက မီးတောက်ထဲ ဓာတ်ဆီထပ်လောင်းနေတာပဲ..!

ကျွင်းမော့က ရှန်ရွှိန်ယန်းကို ဆတ်ခနဲ လှည့်ကြည့်လိုက်၏။ သူ၏မျက်ဝန်းထဲမှ ရန်လိုစိတ်များမှာ သိသာလွန်းနေတော့သည်။ သို့သော် ရှန်ရွှိန်ယန်းအား တားမြစ်ရန် နောက်ကျသွားချေပြီ။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူဘာပြောပြော၊ တစ်ခုခုကိုဖုံးကွယ်ရန် ကြိုးစားနေသလို ဖြစ်နေလိမ့်မည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now